မြန်မာဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၁၂ ဦးကို မဲ​ဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီး

မြန်မာဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၁၂ ဦးကို မဲ​ဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီး
Published 23 July 2026

ထိုင်း-မြန်မာနယ်စပ် တာ့ခ် ခရိုင် မဲ​ဆောက် မြို့နယ် မဟာဝန်​ကျေးရွာ အနီးတွင် မြန်မာနိုင်ငံဘက်မှ တရားမဝင် ဝင်​ရောက်လူသူ တရုတ်နိုင်ငံသား ၁၂ ဦး အား ထိုင်း နိုင်နိုင်ငံတာဝန်ရှိသူများက ဇူလိုင် ၂၃ တွင် ဖမ်းဆီး ရမိခဲ့​ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ တာက်ခ်ခရိုင်၊ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့ (မဟာဝန်ကျေးရွာ အုပ်စု ရဲကင်း) သည် ရာချာမနူး စစ်ကြောင်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ မဟာဝန်ကျေးရွာအုပ်စု၊ အကွက် (၂)၊ ဖာခွမ်ကျေးရွာ (မဲကုန်းကိန်းကျေးရွာ) ရှိ ပြောင်းခင်းအတွင်း သို့ ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ​ပြောင်းခင်းတွင် မသင်္ကာဖွယ် လူစုကို တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာပြောင်းခင်းအတွင်း ပုန်းအောင်းနေသည့် တရုတ်နိုင်ငံသား ၁၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၀ ဦးမှာ မည်သည့် အထောက်အထားစာရွက်စာတမ်းမှ မရှိဘဲ ၁ ဦးတွင်သာ ပတ်စပို့ စာရွက်စာတမ်း ပါရှိသည်ကို တွေ့ရှိရသည်။ ဘာသာပြန် အက်ပလီကေးရှင်း (App) မှတစ်ဆင့် စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့အားလုံးသည် မြန်မာဘက်ခြမ်းမှ နယ်စပ်ကို တရားမဝင် ခိုးကူးလာခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။

ထို့ပြင် အဖွဲ့ ၃မှ မဲကုကျေးရွာအုပ်စုရှိ လမ်းဘေးတွင် လမ်းလျှောက်နေသည့် တရုတ်နိုင်ငံသား ၁ ဦးကိုလည်း ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း တရုတ်နိုင်ငံသား ၁၂ ဦးကို ထပ်မံ၍ထိန်းသိမ်းနိုင်ခဲ့သည်။

လက်ရှိတွင် သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ ဖမ်းဆီးရမိသူများအား တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန (တောမော) ထံ စနစ်တကျ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်နိုင်ရေးနှင့် ကွင်းဆက်များကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent