မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ဉာဏ်ရည်တု(AI) နည်းပညာသုံးပြုပြီး မြေ​ပြင်ကွင်းဆင်း၍ မျက်စိစမ်းသပ် စစ်ဆေးပေး

မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ဉာဏ်ရည်တု(AI) နည်းပညာသုံးပြုပြီး မြေ​ပြင်ကွင်းဆင်း၍ မျက်စိစမ်းသပ် စစ်ဆေးပေး
Published 25 May 2026

မရမ်းကုန်း မြို့နယ်တွင်မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ဉာဏ်ရည်တု(AI) နည်းပညာသုံးပြုပြီး မြေ​ပြင်ကွင်းဆင်း၍ မျက်စိစမ်းသပ် စစ်ဆေးပေးမှုကို ကျန်းမာရေးဝန်ကြီး ကြည့်ရှုခဲ့ကြောင်း သိရသည်။

မေ ၂၄ ရက်က ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် မိုးကောင်းဓမ္မာရုံ၌ သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ဉာဏ်ရည်တု(AI) နည်းပညာသုံး မျက်စိစမ်းသပ် စစ်ဆေးပေးမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကို  ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်  ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရန်အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လန်းသေဆေး (အဘိတ်)ခတ်ခြင်းလုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်စေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာမျှဝေခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

Most Read

Most Recent