ပညာရေးမိသားစုသို့ ကျောင်းသုံးကွန်ပျူတာများ ပေးအပ်လှူဒါန်းခြင်းကို ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒအား အမှူးထား ပြုလုပ်ခဲ့ပြီး ပညာရေးဒုဝန်ကြီးတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသုံးကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတကျောင်းတိုက်တွင် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် တက်ရောက်ခဲ့ကြောင်း သိရပြီး ဓမ္မဒူတကျောင်းတိုက်ဆရာတော် အရှင်ဆေကိန္ဒက အလှူရှင်များနှင့် ပညာရေးမိသားစုများကိုတရားဓမ္မဟောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒတရားနာကြားကြပြီး ဒုတိယဝန်ကြီးက ကျောပိုးအိတ်နှင့်စာရေးကိရိယာများ၊ ဗလာစာအုပ်များပေးအပ်လှူဒါန်းရာ မူလတန်းကျောင်းသားကျောင်းသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အလှူရှင်Pro-1 မိသားစုများက ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်းများ၊ ရုံးများအတွက် ငွေကျပ် ၂၇၅၀ သိန်းတန်ဖိုးရှိ ကွန်ပျူတာ၊ မော်နီတာ၊ပရင်တာ၊ ကီးဘုတ်၊ မောက်စ်၊ UPS ဆက်စပ်ပစ္စည်းအစုံ ၅၀ ကိုပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမ များက လက်ခံရယူ ခဲ့ကြောင်း သိရသည်။
#ဓမ္မဒူတဆရာတော် #Pro-1 #elevennews















