ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
Published 10 July 2026

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဇူလိုင် ၉ ရက်တွင် ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့  တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ချင်းပြည်နယ်  အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော်များ၊ မြို့မိမြို့ဖများ၊ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည််။

ဒုတိယဝန်ကြီးက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ် ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးသော  အခြေခံလိုအပ်သည့် အိမ်ထောင်စု တစ်စုလျှင် လူသုံးကုန်ပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများအား နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်းနှင့် ထပ်မံဝင်ရောက်လာမည့် ပြည်သူများကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ထောက်ပံ့ပစ္စည်းများကို အိမ်ထောင်စု ၂၀၀ အတွက် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းအပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟားခါး - ဖလမ်း လမ်းပိုင်းအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား စစ်ဆေးပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဦးစားပေးအလိုက် ဆောင်ရွက်သွားရန်၊  မိုးရာသီတွင် လမ်းမပေါ်၌ ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ တောင်ပေါ်ဒေသလမ်း ဖြစ်သည့်အတွက် မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

Most Read

Most Recent