၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်က ဝင်ရောက်‌ဖြေဆိုသူ ၃၆ ဦးအောင်မြင်ပြီး သုံးဘာသာဂုဏ်ထူးရှင် တစ်ဦးပါဝင်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်က ဝင်ရောက်‌ဖြေဆိုသူ ၃၆ ဦးအောင်မြင်ပြီး သုံးဘာသာဂုဏ်ထူးရှင် တစ်ဦးပါဝင်
Published 28 June 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်က ဝင်ရောက်‌ဖြေဆိုသူ ၃၆ ဦးအောင်မြင်ပြီး သုံးဘာသာဂုဏ်ထူးရှင် တစ်ဦးပါဝင်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန် ၂၈ ရက် နံနက်ပိုင်းက ကြေညာခဲ့ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုသည့် အကျဉ်းသား၊ အကျဉ်းသူ ၃၆ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါအင်းစိန်ဗဟိုအကျဉ်းထောင်မှ အောင်မြင်သူများတွင် သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၉ ဦးဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရသည်။

Most Read

Most Recent