■ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြေညာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ရာခိုင်နှုန်းကျော်ရှိ 

■ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြေညာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ရာခိုင်နှုန်းကျော်ရှိ 
Published 28 June 2026

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ (ဇွန် ၂၈ ရက်) နံနက်ပိုင်းက ကြေညာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူ ၂၅၅၂၂၈ ဦးရှိပြီး စာမေးပွဲအောင်မြင်သူ ၁၃၃၆၇၃ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ အမှတ်အများဆုံးရရှိသူမှာ (သိပ္ပံဘာသာတွဲ) ဖြင့် ဝင်ရောက်ဖြေဆိုသူ ကပက(CAE)၊ ချမ်းအေးသာစံမှ ကျောင်းသူ မသီရိစိုးက အမှတ်ပေါင်း ၅၆၂ မှတ်ဖြင့် ရရှိခဲ့သည်။

တိုင်းနှင့်ပြည်နယ်အလိုက် ဖြေဆိုမှုနှင့် အောင်မြင်မှုများအနေဖြင့် ကချင်ပြည်နယ်တွင် ဖြေဆိုသူ ၁၁၆၃၄ ဦးအနက် အောင်မြင်သူဦးရေ ၆၃၃၀၊ ကယားပြည်နယ်တွင် ဖြေဆိုသူ ၄၇၁ ဦးအနက် အောင်မြင်သူ ၂၃၄ဦး၊ ကရင်ပြည်နယ်တွင် ဖြေဆိုသူဦးရေ ၃၆၆၀ အနက် အောင်မြင်သူ ၁၆၈၇ ဦး၊ ချင်းပြည်နယ်တွင် ဖြေဆိုသူ ၈၄၃ ဦးအနက် အောင်မြင်သူ ၁၆၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌ဖြေဆိုသူ ၁၂၅၂၆ အနက် အောင်မြင်သူ ၅၉၀၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၅၉၉၁ အနက် အောင်မြင်သူ ၂၇၆၄ ဦး၊ နေပြည်တော်တွင် ဖြေဆိုသူ ၁၄၁၃၁ ဦးအနက် အောင်မြင်သူ ၇၀၂၁ ဦး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ဖြေဆိုသူ ၁၄၆၂၇ ဦးအနက် အောင်မြင်သူ ၇၂၄၃ ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)တွင် ဖြေဆိုသူ ၁၁၈၆၆ ဦးအနက် အောင်မြင်သူ ၇၀၇၂ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၂၁၂၁၉ ဦးအနက် အောင်မြင်သူ ၁၂၃၉၀ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၄၅၆၃၅ ဦးအနက် အောင်မြင်သူ ၂၈၃၉၃ ဦး၊ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၀၅၄၂ ဦးအနက် အောင်မြင်သူ ၅၉‌၂၄ ဦး၊ ရခိုင်ပြည်နယ်တွင် ဖြေဆိုသူ ၁၆၉၂ အနက် အောင်မြင်သူ ၈၂၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူ ၄၆၈၈၉ အနက် အောင်မြင်သူ ၂၃၂၀၃ ဦး၊ ရှမ်းပြည်နယ်(တောင်)တွင် ဖြေဆိုသူ ၁၃၃၈၃ ဦးအနက် အောင်မြင်သူ ၆၅၃၇ ဦး၊ ရှမ်းပြည်နယ်(မြောက်)တွငိ ဖြေဆိုသူ ၁၆၈၇ ဦးအနက် အောင်မြင်သူ ၇၃၅ ဦး၊ 

ရှမ်းပြည်နယ်(အရှေ့)တွင် ဖြေဆိုသူ ၁၉၇၂ ဦးအနက် အောင်မြင်သူ ၇၂၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၃၆၄၃၆ ဦးအနက် အောင်မြင်သူ ၁၆၅၀၇ဦး၊ နိုင်ငံခြားတွင် ဖြေဆိုသူ ၂၄ ဦးအနက် အောင်မြင်သူ ၂၁ ဦး စသည်တို့ဖြစ်ကြောင်း သိရသည်။

အောင်စာရင်းကို ဇွန် ၂၈ ရက် နံနက် ၄ နာရီမှစ၍ စာစစ်ဌာနအလိုက် အောင်စာရင်းဖိုင်များအား www.myanmarexam.org တွင်လည်းကောင်း၊ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်သော အောင်စာရင်းစနစ်ကို result.dme.gov.mm တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲအောင်စာရင်းများကို အဆိုပါwebsite များမှ ထုတ်ပြန်ကြေညာပေးသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးကြောင်း သိရသည်။

အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ဝ၁-၆၅၃၅ဝ၉ သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ဇွန် ၂၈ ရက် (တနင်္ဂနွေနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

#တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း #၅၂ ရာခိုင်နှုန်းကျော်ရှိ  #elevennews

Most Read

Most Recent