■ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းက အောင်ချက်ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး ချမ်းအေးသာဇံမြို့နယ်မှ တစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ပထမရရှိ

■ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းက အောင်ချက်ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး ချမ်းအေးသာဇံမြို့နယ်မှ တစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ပထမရရှိ
Published 28 June 2026

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းက အောင်ချက်ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး  ချမ်းအေးသာဇံမြို့နယ်မှ တစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ပထမရရှိကြောင်း သိရသည်။

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန် ၂၈ ရက် နံနက်ပိုင်းက ကြေညာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူ ၂၅၅၂၂၈ ဦးရှိပြီး စာမေးပွဲအောင်မြင်သူ ၁၃၃၆၇၃ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း၊ တိုင်းနှင့်ပြည်နယ်အောင်ချက်ရာခိုင်နှုန်းများတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)က ဖြေဆိုသူ ၁၁၈၆၆ ဦးအနက် အောင်မြင်သူ ၇၀၇၂ ဦးပြီး အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးဖြင့် တစ်နိုင်ငံလုံးပထမရရှိသူမှာ (သိပ္ပံဘာသာတွဲ) ဖြင့် ဝင်ရောက်ဖြေဆိုသူ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ကပက(CAE)မှ ကျောင်းသူ မသီရိစိုးက အမှတ်ပေါင်း ၅၆၂ မှတ်ဖြင့် ရရှိခဲ့သည်။

အလားတူ တိုင်းနှင့်ပြည်နယ်အလိုက် ဖြေဆိုမှုနှင့် အောင်မြင်မှုများအနေဖြင့် ကချင်ပြည်နယ်တွင် ဖြေဆိုသူ ၁၁၆၃၄ ဦးအနက် အောင်မြင်သူဦးရေ ၆၃၃၀၊ ကယားပြည်နယ်တွင် ဖြေဆိုသူ ၄၇၁ ဦးအနက် အောင်မြင်သူ ၂၃၄ဦး၊ ကရင်ပြည်နယ်တွင် ဖြေဆိုသူဦးရေ ၃၆၆၀ အနက် အောင်မြင်သူ ၁၆၈၇ ဦး၊ ချင်းပြည်နယ်တွင် ဖြေဆိုသူ ၈၄၃ ဦးအနက် အောင်မြင်သူ ၁၆၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌ဖြေဆိုသူ ၁၂၅၂၆ အနက် အောင်မြင်သူ ၅၉၀၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၅၉၉၁ အနက် အောင်မြင်သူ ၂၇၆၄ ဦး၊ နေပြည်တော်တွင် ဖြေဆိုသူ ၁၄၁၃၁ ဦးအနက် အောင်မြင်သူ ၇၀၂၁ ဦး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ဖြေဆိုသူ ၁၄၆၂၇ ဦးအနက် အောင်မြင်သူ ၇၂၄၃ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၂၁၂၁၉ ဦးအနက် အောင်မြင်သူ ၁၂၃၉၀ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၄၅၆၃၅ ဦးအနက် အောင်မြင်သူ ၂၈၃၉၃ ဦး၊ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၀၅၄၂ ဦးအနက် အောင်မြင်သူ ၅၉‌၂၄ ဦး၊ ရခိုင်ပြည်နယ်တွင် ဖြေဆိုသူ ၁၆၉၂ အနက် အောင်မြင်သူ ၈၂၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူ ၄၆၈၈၉ အနက် အောင်မြင်သူ ၂၃၂၀၃ ဦး၊ ရှမ်းပြည်နယ်(တောင်)တွင် ဖြေဆိုသူ ၁၃၃၈၃ ဦးအနက် အောင်မြင်သူ ၆၅၃၇ ဦး၊ ရှမ်းပြည်နယ်(မြောက်)တွငိ ဖြေဆိုသူ ၁၆၈၇ ဦးအနက် အောင်မြင်သူ ၇၃၅ ဦး၊ ရှမ်းပြည်နယ်(အရှေ့)တွင် ဖြေဆိုသူ ၁၉၇၂ ဦးအနက် အောင်မြင်သူ ၇၂၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၃၆၄၃၆ ဦးအနက် အောင်မြင်သူ ၁၆၅ဝရဦး၊ နိုင်ငံခြားတွင် ဖြေဆိုသူ ၂၄ ဦးအနက် အောင်မြင်သူ ၂၁ ဦး စသည်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent