မိုးရွာသွန်းမှုနှင့် မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညိုသည် ဇူလိုင်လတွင် အားအသင့်အတင့်ရှိကာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်း၌ အားအလွန်ကောင်းနိုင်

မိုးရွာသွန်းမှုနှင့် မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညိုသည် ဇူလိုင်လတွင် အားအသင့်အတင့်ရှိကာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်း၌ အားအလွန်ကောင်းနိုင်
Published 23 June 2026

မိုးရွာသွန်းမှုနှင့် မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညိုသည် ဇူလိုင်လတွင် အားအသင့်အတင့်ရှိကာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်း၌ အားအလွန်ကောင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အယ်လ်နီညိုအနေဖြင့် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေကြောင်း၊ နိုင်ငံတကာမိုးလေဝသဌာနများ၏ သချင်္ာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန်နှင့် အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ကြောင်း မိုးဇလမှ သိရသည်။

Most Read

Most Recent