■ လက်ဘနွန်တောင်ပိုင်း လုံခြုံရေးဇုန်တွင် အစ္စရေးစစ်တပ် ဆက်လက်တပ်စွဲမည်ဟု နေတန်ယာဟု ဆို

■ လက်ဘနွန်တောင်ပိုင်း လုံခြုံရေးဇုန်တွင် အစ္စရေးစစ်တပ် ဆက်လက်တပ်စွဲမည်ဟု နေတန်ယာဟု ဆို
Published 22 June 2026
Ref - The Times of Israel

  ဟဇ်ဘိုလာဘက်ကလည်း မဖြစ်နိုင်ဟု ငြင်း

အစ္စရေးမြောက်ပိုင်းဒေသကို ဟစ်ဇ်ဘိုလာတိုက်ခိုက်မှုရန်မှ ကာကွယ်ရန် လက်ဘနွန်တောင်ပိုင်း လုံခြုံရေးဇုန်အတွင်း စစ်တပ်ကို လိုအပ်သရွေ့ ဆက်လက်တပ်စွဲထားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဇွန် ၂၁ ရက်တွင် ပြောကြားလိုက်သည်။

အစ္စရေးနှင့် လက်ဘနွန်တို့ ဇွန် ၂၃ ရက်တွင် ဝါရှင်တန်ဒီစီ၌ ဆွေးနွေးပွဲထပ်မံပြုလုပ်ရန် စီစဉ်ထားချိန်၊ နေတန်ယာဟုက ၎င်းတို့အနေဖြင့် ကြီးမားသည့်အောင်မြင်မှုများ ရရှိထားပြီးဖြစ်သဖြင့် ထိုအောင်မြင်မှုကို လက်လွှတ်မည်မဟုတ်ကြောင်းနှင့် အစ္စရေးမြောက်ပိုင်းဒေသခံများနှင့် နိုင်ငံသားအားလုံးကို ကာကွယ်ရန် လုံခြုံရေးဇုန်အတွင်း တပ်ဖွဲ့ဝင်များ ဆက်ရှိသွားမည်ဟုဆိုသည်။

မိမိ၏ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားမည်ဖြစ်ပြီး မည်သည့်အရာကမျှ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်းလည်း နေတန်ရာဟုက အလေးအနက်ပြောသည်။

လက်ရှိတွင် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးပိုင်နက်ထဲသို့ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းမရှိတော့သော်လည်း လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်တပ်ကိုမူ ဆက်လက်ပစ်မှတ်ထားဆဲဖြစ်သည်။

ထို့ပြင် အစ္စရေး၏ လုံခြုံရေးဇုန်သတ်မှတ်ချက်ကို ဟဇ်ဘိုလာဘက်က လုံးဝပယ်ချထားပြီး အစ္စရေးစစ်တပ် လက်ဘနွန်မြေပေါ်တွင် ဆက်ရှိနေရေးမှာ မဖြစ်နိုင်ဟု တုံ့ပြန်ထားသည်။

 

Photo: The Times of Israel

Most Read

Most Recent