အရှေ့အလယ်ပိုင်းစစ်ပွဲတွင် အမေရိကန်နှင့် အစ္စရေးတို့သည် အရှိုက်ကို ပိုင်ပိုင်နိုင်နိုင်အထိုးခံလိုက်ကြရသည်ဟု အီရန်ဘာသာရေးခေါင်းဆောင်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။
စစ်ပွဲပြီးဆုံးရေးနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက်မှုကို မတွေ့ရကြောင်း အီရန်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် အီရန်ဘာသာရေးခေါင်းဆောင်က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
အမေရိကန်အောက်လွှတ်တော် အမတ်များက အီရန်၌ အမေရိကန်စစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ကြိုးပမ်းသော ဥပဒေမူကြမ်းကို အတည်ပြုခဲ့ပြီးနောက် အစ္စလာမ်မစ်သမ္မတနိုင်ငံတည်ထောင် သူ၏ သေဆုံးမှုနှစ်ပတ်လည်အခမ်းအနားတွင် ဦးဆောင်ဆုတောင်းပေးသူက အယာတိုလာမော့ဂျ်တာဘာခါမေနီ၏ သတင်းစကားကို ဖတ်ပြခဲ့ခြင်းဖြစ်သည်။
ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများဖြင့် အမှတ်အသားပြုနေသော သီတင်းပတ်များစွာကြာသည့် ဆွေးနွေးမှုများသည် စစ်ပွဲအဆုံးသတ်စေမည့် သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့သည့်အပြင် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးကိစ္စလည်း အဆင်မပြေခဲ့ပေ။
အမေရိကန်နှင့် အီရန်တို့က ကွဲလွဲနေသောသတင်းစကားများကို ထုတ်ပြန်ခဲ့ကြသည်။ တီဟီရန်က တိုးတက်မှုအခြေအနေများကို ထုတ်ပြန်ခဲ့သည်။ သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကပင် ယခုရက်ပိုင်းအတွင်း သဘောတူညီချက်ရရှိရန် အကောင်းမြင်ထားကြောင်း ပြောကြားခဲ့သည်။
ခါမေနီ၏သတင်းစကားတွင် “အရှိုက်ထိတဲ့ ထိုးနှက်ချက်ကို ခံခဲ့ရပြီးတဲ့နောက် မိမိနိုင်ငံရဲ့ရန်သူတွေဟာ အခုချိန်မှာ တော်တော်လေးအဓိပ္ပာယ်ပြည့်ဝပြီး နက်နက်ရှိုင်းရှိုင်း အရှက်ကွဲတာကို ကြုံတွေ့နေကြရပါတယ်” ဟု ဖော်ပြထားသည်။
Photo-AFP















