အိုမန်ကမ်းရိုးတန်းအလွန်တွင် အမေရိကန်က ကုန်သင်္ဘောတစ်စင်းကို ပစ်ခတ်ခဲ့သဖြင့် သင်္ဘောပေါ်ရှိ အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံး

အိုမန်ကမ်းရိုးတန်းအလွန်တွင် အမေရိကန်က ကုန်သင်္ဘောတစ်စင်းကို ပစ်ခတ်ခဲ့သဖြင့် သင်္ဘောပေါ်ရှိ အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံး
Published 11 June 2026
Ref:AFP

အိုမန်ကမ်းရိုးတန်းအလွန်တွင် အမေရိကန်က ပစ်လိုက်သဖြင့် ထိမှန်သွားခဲ့သော ကုန်သင်္ဘောပေါ်ရှိ အိန္ဒိယသင်္ဘောသားသုံးဦး သေဆုံးသွားသည်ဟု အိန္ဒိယ၏သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်သောဝန်ကြီးက ဇွန် ၁၁ ရက်တွင် ပြောကြားသည်။

“ပါလောက်အလံတင်ထားတဲ့ အမ်တီ ဆက်တီဘယ်လို သင်္ဘောပေါ်ကဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်ကို သိရတာဟာ တော်တော် ကံခေပါတယ်” ဟု ဆာဘာနန်ဒါဆိုနိုဝါလ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး သင်္ဘောသည် လွန်ခဲ့သော တစ်ရက်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“စောစောပိုင်းတုန်းက ပျောက်နေတယ်ဆိုတဲ့ အိန္ဒိယသင်္ဘောသားသုံးဦးဟာ သေဆုံးသွားပြီဆိုတာကို အခု အတည်ပြုရတာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ သူတို့ရဲ့အလောင်းတွေကိုတွေ့ထားပါပြီ။ ဘယ်သူ ဘယ်ဝါဆိုတာလည်း သိရပါပြီ” ဟု ဆိုသည်။

ဇွန် ၁၀ ရက်တွင် အမ်တီဆက်တီဘယ်လို ကုန်သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက နယူးဒေလီရှိ အမေရိကန်သံတမန်ကို ဆင့်ခေါ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ယင်းသည် အိန္ဒိယသင်္ဘောသားအများစုပါသည့် ကုန်တင်သင်္ဘောကို ယခုအပတ်ထဲ အမေရိကန်၏ဒုတိယအကြိမ်မြောက်တိုက် ခိုက်မှုဖြစ်သည်ဟု သိရသည်။

ဇွန် ၈ ရက်တွင် အမေရိကန်ကပါ လောက်အလံတင်ထားသော ရေနံတင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီးနောက် အမ်တီမာရီဗက်သင်္ဘောပေါ်မှ အိန္ဒိယသင်္ဘောသား ၂၄ ဦးကို လေယာဉ်ဖြင့် ကယ်ဆယ်ခဲ့ရသည်။

 

Photo:AFP

Most Read

Most Recent