စက်သုံးဆီတင်သင်္ဘောလေးစင်း သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

စက်သုံးဆီတင်သင်္ဘောလေးစင်း သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ
Published 27 July 2026

စက်သုံးဆီတင်သင်္ဘော လေးစင်း သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစက်သုံးဆီတင် သင်္ဘောလေးစင်းသည် ဇူလိုင် ၂၆ ရက်က ရောက်ရှိလာခြင်းဖြစ်ပြီး တင်ဆောင်လာသည့် စက်သုံးဆီများသည် သတ်မှတ်ဆီအရည်အသွေးနှင့် ပြည့်မီမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စက်သုံးဆီများကို သက်ဆိုင်ရာ Terminal အသီးသီးရှိ သိုလှောင်ကန်များတွင် သိုလှောင်ထားရှိနိုင်ရေး ဆီချယူခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှစက်သုံးဆီများ စဉ်ဆက်မပြတ် ရောက်ရှိစေရေးနှင့် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းစီမံဆောင်ရွက်ပေးခြင်း၊ ဖြည့်တင်းပေးသည့် စက်သုံးဆီများအားသုံးစွဲသူများထံသို့ ရောက်ရှိစေရေးအတွက် ဖြည့်တင်းမှု ကွင်းဆက်တစ်လျှောက်စစ်ဆေးကြပ်မတ်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီဝယ်ယူ ခွင့်ပြုရာတွင် Real Demand၊ Real PO ဖြစ်စေရေးနှင့် နည်းပညာအသုံးပြု QR Code/ Barcode အရောင်းစာရင်းများကိုစိစစ်၍ စက်သုံးဆီဝယ်ယူခွင့် (PO)များကို ရောင်းအား အတိုင်းရရှိစေရေး စိစစ်ခွင့်ပြုပေးခြင်းနှင့် သီလဝါရှိ Terminal များမှ ထုတ်ယူခဲ့သည့် စက်သုံးဆီများ သတ်မှတ်အရောင်းဆိုင်၊ လုပ်ငန်းများသို့ စက်သုံးဆီသယ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်မှု လမ်းကြောင်းများကိုလည်း ယာဉ်များတွင်တပ်ဆင်ထားသည့် GPS လမ်းကြောင်းများကို စောင့်ကြည့်စစ်ဆေးအရေးယူမှုများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent