မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းသည့် ၇၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် စစ်ပွဲအထိမ်းအမှတ်နေရာများသို့ သွားရောက်ဂါရဝပြု

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းသည့် ၇၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် စစ်ပွဲအထိမ်းအမှတ်နေရာများသို့ သွားရောက်ဂါရဝပြု
Published 27 July 2026
Ref: Reuters

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းသည့် ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်ပွဲအထိမ်းအမှတ်နေရာများသို့ သွားရောက်ဂါရဝပြုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါအထိမ်းအမှတ် အခမ်းအနားများသို့ ၎င်း၏ သမီးဖြစ်သူ ကင်ဂျူံအဲလည်း ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ခဲ့သည်။

ကင်သည် သချႋုင်းများသို့ သွားရောက်လေ့လာခဲ့ပြီး စစ်ပြန်များနှင့် တွေ့ဆုံကာ ပထမမျိုးဆက် ပြောက်ကျားရဲဘော်များ၏ ဂူဗိမာန်များတွင် ပန်းခွေချခဲ့ကြောင်း၊ ထို့ပြင် ၁၉၅၀-၁၉၅၃ စစ်ပွဲတွင် မြောက်ကိုရီးယား၏ ကြီးမားသော အောင်ပွဲရရှိခဲ့မှုအပေါ် အခိုင်အမာ ပြောကြားချက်ကို အတည်ပြုခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် ပြီးဆုံးခြင်းမဟုတ်ဘဲ စစ်ရပ်ဆိုင်းရေး သဘောတူညီချက်ဖြင့်သာ ပြီးဆုံးခဲ့သဖြင့် ကိုရီးယားနှစ်နိုင်ငံသည် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာမှ ထုတ်ပြန်သည့် ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် ကင်၏ သမီးဖြစ်သူ ကင်ဂျူအဲသည် ကင်၏ဘေးတွင် အတူတကွ လမ်းလျှောက်နေသည်ကို တွေ့ရပြီး ပြည်သူ့မြင်ကွင်းတွင် ၎င်း၏ အခန်းကဏ္ဍသည် ပိုမိုထင်ရှားလာခဲ့သည်။

 

Most Read

Most Recent