■ ဘန်ကောက်နေအိမ် မီးလောင်မှုတစ်ခုအတွင်း လူနှစ်ဦးနှင့် ကြောင်အကောင် ၃၀ ကျော် သေဆုံး

■ ဘန်ကောက်နေအိမ် မီးလောင်မှုတစ်ခုအတွင်း လူနှစ်ဦးနှင့် ကြောင်အကောင် ၃၀ ကျော် သေဆုံး
Published 18 July 2026

ဘန်ကောက်မြို့ သွန်ဘူရီခရိုင်ရှိ သုံးထပ်နေအိမ်တစ်လုံးတွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး ကြောင်အကောင် ၃၀ ကျော်လည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။

အဆိုပါနေအိမ်တွင် နံနက် ၆ နာရီက မီးလောင်မှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ရာ မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့တို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။

နေအိမ်မြေညီထပ်တွင် မီးစလောင်ခဲ့ပြီးနောက် ဒုတိယထပ်သို့ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ၁၅ မိနစ်ခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။

ဒုတိယထပ်ရှိ အခန်းတစ်ခန်းအတွင်းမှ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။ ထို့ပြင် လှောင်အိမ်များအတွင်း သေဆုံးနေသည့် ကြောင်အကောင် ၃၀ ကျော်ကိုလည်း တွေ့ခဲ့ရပြီး ကြောင်အရှင် ၁၃ ကောင်ကို ကယ်ဆယ်နိုင်ခဲ့သည်။

ဝါယာရှော့ဖြစ်ရာမှ မီးစလောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားကာ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိသည်။

Ref: Khaosod English

 

Most Read

Most Recent