ရှမ်းပြည်နယ်တွင် လုပ်ငန်းရှင်ပေါင်း ၈၅ ဦး တို့ကို ချေးငွေ ကျပ် ၁ ဒဿမ ၇ ဘီလျံ ထုတ်ချေး ခဲ့

ရှမ်းပြည်နယ်တွင် လုပ်ငန်းရှင်ပေါင်း ၈၅ ဦး တို့ကို ချေးငွေ ကျပ် ၁ ဒဿမ ၇ ဘီလျံ ထုတ်ချေး ခဲ့
Published 18 July 2026
သတင်း - စည်သာ(တောင်ကြီး)
  • ရှမ်းပြည်နယ်တွင် လုပ်ငန်းရှင်ပေါင်း ၈၅ ဦး တို့ကို ချေးငွေ ကျပ် ၁ ဒဿမ ၇ ဘီလျံ ထုတ်ချေး ခဲ့

    လုပ်ငန်းဆောင်ရွက်လိုသူများ ဆက်သွယ်နိုင်ကြောင်း SME ဌာန ဒုတိယ ညွှန်ကြားရေးမှူး ပြော

 

ရှမ်းပြည်နယ်တွင် လုပ်ငန်းရှင်ပေါင်း ၈၅ ဦး တို့ကို ချေးငွေ ကျပ် ၁ ဒဿမ ၇  ဘီလျံ  ထုတ်ချေး ခဲ့ပြီး ဖြစ်ကြောင်း ၊ လုပ်ငန်းဆောင်ရွက်လိုသူများ ဆက်သွယ်နိုင်ကြောင်း SME ဌာန ဒုတိယ ညွှန်ကြားရေးမှူး ပြောသည်။

MSME ရန်ပုံငွေ ကျပ် ၁၂၀ ဘီလီယံ ထားရှိကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် ၂၀၂၃ ခုနှစ် စတင်၍ လက်ရှိ အချိန်ထိ လုပ်ငန်းရှင်ပေါင်း ၈၅ ဦး ၊ ချေးငွေကျပ် သန်းပေါင်း ၁၇၀၀ ၊ (၁ ဒဿမ ၇ ဘီလီယံ) ထုတ်ချေးပြီး ဖြစ်ကြောင်း ဆိုသည်။

“ဒီနေ့ ကတော့ ဒေသတွင်းမှာ ရှိတဲ့ MSME လုပ်ငန်းရှင်တွေ ရဲ့ လိုအပ်ချက် အခက်အခဲ လေးတွေ ကို သိရှိနိုင်ရေးအတွက် ရက် ၁၀၀ စီမံချက် ထဲ ထည့်ထားပါတယ်။ ဒီလကုန်ရင် ပြည့်ပြီပေါ့နော်။ လိုအပ်ချက် အခက်အခဲလေးတွေ ရှိလာရင်လည်း ဖြည့်ဆည်းပေးနိုင်အောင် အကောင်အထည် ဖော်နိုင်ရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ SME ဌာန ဆိုတော့ လုပ်ငန်းရှင်တွေ အားလုံး နဲ့ အဖွဲ့လေးတွေ လုပ်ထားတာ ရှိပါတယ်။ ဒါတွေက ဌာန တစ်ခုထဲ ဖြေရှင်းလို့ မရလို့ ကျန်တဲ့ ဌာန တွေ လည်း သိရှိအောင် ဝန်ကြီးချုပ်ကြီးလည်း သိရှိအောင် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီး တွေ လည်း သိရှိအောင် ဆိုပြီး တွေ့ဆုံပွဲလေး ကျင်းပခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဌာန အနေနဲ့ နည်းပညာသင်တန်းတွေ ပေးတယ်။ ပြီးတော့ ပြည်တွင်း ပြည်ပတွေ ကိုလည်း စေလွှတ်ပေးတယ်။ ပြီးတော့ စျေးကွက် ရရှိရေး အတွက်ကိုလည်း ပြည်တွင်းပြည်ပ မှာ ပြပွဲ ပြိုင်ပွဲ တွေကို စေလွှတ်ပေးတယ်။ နောက်တစ်ခုက ချေးငွေ ရရှိရေးကိုလည်း အဓိက ထား ဆောင်ရွက်ပေးတာပေါ့။ ပြည်သူလူထု အနေနဲ့ လုပ်ငန်းတွေ အစပျိုးချင်တာပဲ ဖြစ်ဖြစ် ချေးငွေ လိုချင်တာပဲ ဖြစ်ဖြစ် စျေးကွက် ချိတ်ဆက်ဖို့ပဲ ဖြစ်ဖြစ် SME ဌာန ကို လာရောက်ဆက်သွယ်ပါလို့ ပြောကြားလိုပါတယ်” ဟု ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာန၊ SME ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညီညီအောင် က ဆိုသည်။

တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဇူလိုင်လ ၁၈ ရက် မနက်ပိုင်း ၁၀ နာရီ အချိန်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အားလုံး ခြုံလိုက်ရင် မြေတို့ ချေးငွေတို့ မီးတို့ပေါ့နော်။ မြေကိစ္စတွေမှာ အခြားနည်းသုံးစွဲခွင့် ရဖို့တို့ နောက်မီးကိစ္စ တွေပေါ့ အခုတော့ မီးကိစ္စတွေ အဆင်ပြေလာပါတယ်။ နောက်တစ်ခုတော့ ချေးငွေ ကိစ္စမှာ နှစ်ရှည်ချေးငွေ လေး ရဖို့ တိုးမြှင့်ရဖို့ပေါ့။ ကျွန်တော်တို့က ဒီထပ် ပိုမို အဆင်ပြေအောင်ပေါ့။ အဓိက ခက်ခဲမှု ရှိနေတာ MSME မှာ ပုံစံ (၇) ကို လက်မခံဘူး၊ ဂရမ် ကိုမှ လက်ခံတယ်။ အဲဒီ ကွာဟချက် တစ်ခု ရှိတယ်။ နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးမှာတော့ ချေးငွေ က နှစ်တို ချေးငွေ ဖြစ်တယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက နှစ်ရှည် ချေးငွေ လေးတော့ ဖြစ်စေချင်တာပေါ့။ ၃ နှစ် သို့မဟုတ် ၅ နှစ် လောက် ရရင်တော့ အဆင်ပြေပါတယ်”ဟု ရှမ်းပြည်တောင်ပိုင်း ဆန်စက်လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးလင်းအောင် က ဆိုသည်။

 

Most Read

Most Recent