■ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် Reserve Bank of India ဥက္ကဋ္ဌတို့ တွေ့ဆုံ 

■ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် Reserve Bank of India ဥက္ကဋ္ဌတို့ တွေ့ဆုံ 
Published 2 June 2026

■ ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေး

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ Reserve Bank of India ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ယနေ့ (ဇွန် ၂ ရက်) နံနက်ပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် အိန္ဒိယနိုင်ငံ Reserve Bank of India ဥက္ကဋ္ဌ H.E. Shri. Sanjay Malhotra တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေးနှင့် နယ်ပယ်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ကုန်သွယ်မှုလုပ်ငန်းများအတွက် ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံမှ ဘဏ်ဝန်ထမ်းများအား ဘဏ်လုပ်ငန်းစနစ်များနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ မျှဝေဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား Digital ငွေပေးချေမှုစနစ်၏ အတွေ့အကြုံများကို မျှဝေဆောင်ရွက်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့် အတူ ခရီးစဉ်တွင် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးနှင့် အဖွဲဝင်များ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ၊ Reserve Bank of India ၏ ဥက္ကဋ္ဌနှင့်အတူ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြသည်။ 

Most Read

Most Recent