လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် ဗီယင်ကျန်းမြို့ရှိ လာအိုအနုပညာပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။
ယနေ့(ဇူလိုင် ၃ ရက်)တွင် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် ဗီယင်ကျန်းမြို့ရှိလာအိုအနုပညာပြတိုက်(Lao Art Museum)သို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။
လာအိုအနုပညာပြတိုက်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှအား လာအိုအနုပညာပြတိုက် တာဝန်ရှိသူများ ကြိုဆိုနှုတ်ဆက်ခဲ့ပြီး နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် ပြတိုက်အတွင်း လှည့်လည်ကြည့်လေ့လာခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ သည် လာအိုအနုပညာပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ နှင့် ပြတိုက်တာဝန်ရှိသူတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။















