ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုနှင့် ပတ်သက်ပြီး အီရန်ကို EU က ပိတ်ဆို့မှုများ ပြုလုပ်

ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုနှင့် ပတ်သက်ပြီး အီရန်ကို EU က ပိတ်ဆို့မှုများ ပြုလုပ်
Published 9 June 2026
Ref:AFP

ဥရောပသမဂ္ဂ (EU) သည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (EU) အား ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဇွန် ၈ ရက်တွင် ပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း IRGC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်ကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ကမ္ဘာ့အရေးပါဆုံး ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားကာ ကမ္ဘာ့စျေးကွက်များကို လှုပ်ခတ်သွားစေခဲ့သည်။

အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂက IRGC ၏ ရေတပ်ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အက္ကဘာဇာဒေဟ်နှင့် IRGC ၏ ဟော် မုဇ်ဂန်ပြည်နယ် စစ်ဌာနချုပ်တို့ကို နာမည်ပျက်စာရင်း သွင်းလိုက်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အီရန်ရေနံတင်ပို့သူများသမဂ္ဂ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဟာမစ်ဟူစိန်နီကိုလည်း ပိုင်ဆိုင်မှုများ ပိတ်ဆို့ခြင်းနှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က ဦးဆောင်သည့် ဥရောပနိုင်ငံများသည် တိုက်ပွဲများရပ်တန့်သွားပါက ဟော်မုဇ်ရေလက်ကြားသို့ ရေတပ်စစ်ဆင်ရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန်အတွက် အစီအစဉ်များကို ရေးဆွဲလုပ်ဆောင်နေသည်။

ထိုအချိန်အတောအတွင်း အီရန်နှင့် အမေရိကန်ကြား အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး တင်းမာမှုများမြင့်တက်ခဲ့သည်။

 

Most Read

Most Recent