ပို့စ်မလွန်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ပိတ်ပွဲအခမ်းအနားတွင် ဖျော်ဖြေမည်

ပို့စ်မလွန်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ပိတ်ပွဲအခမ်းအနားတွင် ဖျော်ဖြေမည်
Published 17 July 2026

အဆိုတော်ပို့စ်မလွန်းက ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ပိတ်ပွဲအခမ်းအနားတွင် အဓိကဖျော်ဖြေသူအဖြစ် ပါဝင်မည်ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ပို့စ်မလွန်းသည် ဇူလိုင် ၁၉ ရက် ၊ အမေရိကန်စံတော်ချိန် မွန်းလွဲ ၁:၃၀ နာရီတွင် နယူးဂျာစီပြည်နယ်ရှိ MetLife အားကစားကွင်း၌ ကျင်းပမည့် ဗိုလ်လုပွဲစဉ်မတိုင်မီ မိနစ် ၉၀ အလိုတွင် ထူးခြားသည့် ဖျော်ဖြေတင်ဆက်မှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်သည်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အားကစားလောကနှင့် ဖျော်ဖြေရေးလောကမှ ထိပ်တန်းကြယ်ပွင့်များစွာနှင့်အတူ ယခုကဲ့သို့ သမိုင်းဝင် ဗိုလ်လုပွဲအခမ်းအနားကို ကျင်းပနိုင်သည့်အတွက် အလွန်ဝမ်းမြောက်မိသည်ဟု ပြောကြားခဲ့သည်။

ဒီပိတ်ပွဲအခမ်းအနားဟာ အသင်းပေါင်း ၄၈ သင်း၊ အိမ်ရှင်မြို့ ၁၆ မြို့နဲ့ သန်းပေါင်းများစွာသော ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုတွေကို တစ်နေရာတည်းမှာ ပေါင်းစည်းပေးမယ့် သမိုင်းဝင် ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲအခမ်းအနား ဖြစ်လာမှာပါ ဟုလည်း ၎င်းကဆိုသည်။

ပိတ်ပွဲအခမ်းအနားတွင် အထူးပါဝင်မှုအဖြစ် တွမ်ခရုစ်လည်း တက်ရောက်မည်ဟု သိရသည်။ဂျနီဖာ ဟတ်ဆင်က ပွဲစဉ်မစတင်မီ နိုင်ငံတော်သီချင်းကို သီဆိုပေးမည်ဖြစ်သည်။ ထို့နောက် မက်ဒေါနား၊ ရှာကီရာ၊ ဂျက်စတင်ဘီဘာနှင့် BTS တို့က ၁၁ မိနစ်ကြာ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲ၏ Halftime ဖျော်ဖြေရေးအစီအစဉ်ကို ပူးတွဲတင်ဆက်ကြမည်။

Ref: AsiaOne

Most Read

Most Recent