ပြည်တွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး သင့်လျော်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Generation Mix) ကို သတ်မှတ်ဆောင်ရွက်နိုင်ရန် တွက်ချက်စီမံလျက်ရှိကြောင်း ပြည်ထောင််စုဝန်ကြီး ပြောကြား

ပြည်တွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး သင့်လျော်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Generation Mix) ကို သတ်မှတ်ဆောင်ရွက်နိုင်ရန် တွက်ချက်စီမံလျက်ရှိကြောင်း ပြည်ထောင််စုဝန်ကြီး ပြောကြား
Published 17 July 2026

ပြည်တွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး သင့်လျော်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Generation Mix) ကို သတ်မှတ်ဆောင်ရွက်နိုင်ရန် တွက်ချက်စီမံလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။

ဇူလိုင် ၁၅ ရက််က နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင််စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားရန်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များအပေါ်တွင် အဓိကမှီခိုအားထားနေရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတွင် စိန်ခေါ်မှုများရှိနေသကဲ့သို့ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းမတည်ငြိမ်မှုများသည်လည်း မိမိတို့၏ စွမ်းအင်လုံခြုံရေးအတွက် ရေရှည်တွင် စဉ်းစားစရာဖြစ်လာကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး နိုင်ငံတော်အတွက် သင့်လျော်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Generation Mix) ကို သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် တွက်ချက်စီမံလျက်ရှိကြောင်း ပြောကြားသည်။

ဆက််လက်ပြီး “နေရောင်ခြည်စွမ်းအင်သည် မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သဘာဝပေးအရင်းအမြစ်ကြွယ်ဝခြင်း၊ အခြားသော ဓာတ်အားပေးစနစ်များနှင့် နှိုင်းယှဉ်ပါက စီမံကိန်းကာလ တိုတောင်းခြင်းတို့ကြောင့် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ မိမိတို့အစီအစဉ်ဖြင့် Solar Home System စနစ်အား တပ်ဆင်အသုံးပြုနိုင်ရေး နည်းလမ်းနှစ်ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာအခက်အခဲများကို ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဝိုင်းဝန်းအကြံပြု၊ ဆွေးနွေး၊ အဖြေရှာခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများနှင့် စီမံကိန်းများသည် လျင်မြန်စွာအကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်း၊ ဆိုလာဓာတ်အားပေးစနစ်အား စွမ်းရည်မြင့်မားစွာနှင့် ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည််။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စာတမ်းရှင်များ၊ ဟောပြောဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားစနစ်၏ တည်ငြိမ်စိတ်ချမှုကိုထိန်းသိမ်းခြင်းခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပေါကြွယ်ဝလှသော နေရောင်ခြည်စွမ်းအင်အရင်းအမြစ်ကို အပြည့်အဝအသုံးချ၍ ဓာတ်အားထုတ်လုပ်ခြင်းဖြင့် စွမ်းအင်ဖူလုံပြီး စိမ်းလန်းစိုပြည်သော အနာဂတ်နိုင်ငံတော်ကြီးဆီသို့ အောင်မြင်စွာရှေ့ဆက်တက်လှမ်းနိုင်ပါစေကြောင်း ပြောကြားခဲ့သည််။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပညာရှင်များ၊ အခြားဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သီးခြားဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူစုစုပေါင်း ၄၇၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent