ရန်ကုန်မြို့၌ ၅လအတွင်း YBS ယာဉ်လိုင်းများနှင့် Bus ကားမှတ် တိုင်များတွင် ခါးပိုက်နှိုက် ၁၇၄ ဦး ဖမ်းဆီးရမိ

ရန်ကုန်မြို့၌ ၅လအတွင်း YBS ယာဉ်လိုင်းများနှင့် Bus ကားမှတ် တိုင်များတွင် ခါးပိုက်နှိုက် ၁၇၄ ဦး ဖမ်းဆီးရမိ
Published 24 May 2026

ရန်ကုန်မြို့၌ ၅ လအတွင်း YBS ယာဉ်လိုင်းများနှင့် Bus ကားမှတ် တိုင်များတွင် ခါးပိုက်နှိုက် ၁၇၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း  မေ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

YBS ယာဉ်လိုင်းများနှင့် Bus ကားမှတ် တိုင်များအတွင်း ခါးပိုက်နှိုက်များအား စောင့်ကြည့်ဖမ်းဆီးခြင်းများ နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၂ ရက်အထိ ခါးပိုက်နှိုက်မှု ကျူးလွန်သူ တရားခံ ကျား ၁၅၃ ဦး၊ မ ၂၁ ဦး၊ စုစုပေါင်း ၁၇၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူများထံမှ သက်သေခံ လက်ကိုင်ဖုန်း ၂၂၆ လုံးနှင့် ငွေကျပ် ၈,၀၈၃,၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အမှုပေါင်း ၂၀၅ မှု ဖွင့်လှစ်ကာ ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်အနေဖြင့် မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှု များကင်းစင်ရေးအတွက် ခရိုင်များအလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာဆောင်များဝေငှခြင်း၊ သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent