ဖိလစ်ပိုင်သမ္မတ မားကို့စ် မိန့်ခွန်းမပြောမီ မနီလာမြို့တော်၌ ပေါက်ကွဲမှု ဖြစ်ပွား

ဖိလစ်ပိုင်သမ္မတ မားကို့စ် မိန့်ခွန်းမပြောမီ မနီလာမြို့တော်၌ ပေါက်ကွဲမှု ဖြစ်ပွား
Published 27 July 2026

ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ၏ နှစ်ပတ်လည်နိုင်ငံတော်မိန့်ခွန်းမပြောကြားမီ နာရီပိုင်းအလို ဇူလိုင် ၂၇ ရက်အစောပိုင်းတွင် တရားရေးဝန်ကြီးဌာနဝင်ပေါက်အနီး၌ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ထို့ပြင် အထက်လွှတ်တော်အနီးတွင်လည်း မပေါက်ကွဲသေးဟု သံသယရှိသော စက်ပစ္စည်းတစ်ခုကိုလည်း ထပ်မံတွေ့ရှိခဲ့သည်။

နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘဲ ဒုတိယမြောက် သံသယဖြစ်ဖွယ် ဗုံးကို တွေ့ရှိခဲ့မှုသည် သမ္မတ မားကို့စ် မိန့်ခွန်း မပြောမီ နာရီပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ရဲတပ်ဖွဲ့မှူး ဟိုဆေး မီလန်စီယို နာတာတက်ဇ် ဂျူနီယာက ဖြစ်စဉ်နှစ်ခုမှာ ဆက်စပ်နိုင်ခြေ အလွန်များသည် ဇူလိုင် ၂၇ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် ဗုံးခြိမ်းခြောက်မှုများ၊ အမှန်တကယ် ဗုံးပေါက်ကွဲမှုများနှင့် အခြားကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်များ ရှိထားသည်ဟု ၎င်းက ဆိုသည်။

''ဒါပေမဲ့ တရားရေးဝန်ကြီးဌာန ရှေ့မှာ ဗုံးတစ်လုံးပေါက်ကွဲသွားခဲ့တဲ့အထိ ကျွန်တော်တို့ဘက်က အငိုက် မိသွားခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဇူလိုင် ၂၇ ရက် နံနက်အစောပိုင်း ပေါက်ကွဲမှုသည် မည်မျှအထိ ပြင်းထန်သည်ကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

"ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တာကြောင့် ပေါက်ကွဲမှု ဘယ်လောက်အထိ ကြီးမားသလဲ၊ သေးငယ်သလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို မပြောနိုင်သေးပါဘူး" ဟု မနီလာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖိလစ်အင်းနက်စ်က AFP သို့ ပြောကြားခဲ့သည်။

Ref:AFP,Photo:AFP

Most Read

Most Recent