■Breaking News
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကို ထပ်မံတိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန်စစ်တပ်သည် အီရန်ကို တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများသည် စစ်ပွဲ အဆုံးသတ်ရေး အားထုတ်ကြိုးပမ်းမှုများကို ပျက်ပြားသွားစေနိုင်ပြီး အီရန်အစိုးရအနေဖြင့် သဘောတူညီချက်ရယူရန် နှောင့်နှေးကြန့်ကြာနေသဖြင့် တန်ဖိုးကြီးမားစွာ ပြန်လည်ပေးဆပ်ရမည်ဟုလည်း ထရန့်က သတိပေးခဲ့သည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်ကလည်း အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။
#အမေရိကန်#အီရန်
Ref: AP















