နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး၏အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ၀ိဖတ်သိဖွန် ပရတ်ထေ့ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ မေ ၂၈ ရက် တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင် ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေး၊ အာဆီယံ အပါ အဝင် ဒေသတွင်းနှင့်နိုင်ငံတကာ မျက်နှာစာ များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နယ်စပ်တစ်လျှောက် တရားမဝင် ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ် ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။















