ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ စာစစ်ဌာနများမှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ ဇွန် ၂၈ ရက်နေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ရာ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဖြေဆိုသူအားလုံး၏ ၄၈ ရာခိုင်နှုန်း ကျော် အောင်မြင်ခဲ့ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၃ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တောင်ငူခရိုင်တွင်းရှိ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ် ၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ် စသည့် မြို့နယ် ၅ ခုရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၅၆၂၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၇၃၆) ဦး အောင်မြင်ခဲ့သဖြင့် တောင်ငူခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်း၏ ၄၈.၆၁ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း တောင်ငူခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်များအလိုက်ဖြေဆိုရာတွင် တောင်ငူမြို့နယ်စာစစ်ဌာနမှ ဖြေဆိုသူ ကျောင်းသားကျောင်းသူ (၁၈၅၀)ဦးဖြေဆိုခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၈၉)ဦး၊ ရိုးရိုးအောင်မြင်သူ (၇၂၇)ဦး ၊စုစုပေါင်း အောင်မြင်သူ (၈၉၀)ဦးရှိခဲ့သဖြင့်အောင်မြင်မှုရာခိုင်နှုန်း (၄၈.၁၁)ရှိခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်စာစစ်ဌာနမှ ဖြေဆိုသူ ကျောင်းသားကျောင်းသူ (၁၃၇၂)ဦး ဖြေဆိုခဲ့ပြီး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၉၅)ဦး၊ ရိုးရိုးအောင်မြင်သူ (၅၀၁)ဦး၊ စုစုပေါင်း အောင်မြင်သူ (၆၄၇)ဦးရှိခဲ့သဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၄၇.၁၆)ရှိခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်စာစစ်ဌာနမှ ဖြေဆိုသူ ကျောင်းသားကျောင်းသူ (၃၂၈)ဦးရှိခဲ့ပြီး ငါးဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၇)ဦး၊ ရိုးရိုးအောင်မြင်သူ (၁၄၂)ဦး၊ စုစုပေါင်း အောင်မြင်သူ (၁၇၁)ဦးရှိခဲ့သဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၅၂.၁၃)ရှိခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်စာစစ်ဌာနမှ ဖြေဆိုသူ ကျောင်းသားကျောင်းသူ (၇၆၅)ဦးရှိခဲ့ပြီး လေးဘာသာဂုဏ်ထူးရှင် (၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၅၉)ဦး၊ ရိုးရိုးအောင်မြင်သူ (၃၄၁)ဦး၊ စုစုပေါင်း အောင်မြင်သူ (၄၂၉)ဦးရှိခဲ့သဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၅၆.၀၈)ရှိခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်စာစစ်ဌာနမှ ဖြေဆိုသူ ကျောင်းသားကျောင်းသူ (၁၃၁၃)ဦးရှိခဲ့ပြီး ငါးဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၆၀)ဦး၊ ရိုးရိုးအောင်မြင်သူ (၄၇၂)ဦး၊ စုစုပေါင်း အောင်မြင်သူ (၅၉၉)ဦးရှိခဲ့သဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၄၅.၆၂)ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် တောင်ငူခရိုင်အတွင်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း ( စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာကျောင်းများ)မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသားကျောင်းသူ (၁၁၃)ဦးရှိခဲ့ပြီး ငါးဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၉)ဦး၊ စုစုပေါင်း အောင်မြင်သူ (၄၈)ဦးရှိခဲ့သဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၄၂.၄၈)ရှိခဲ့ကြောင်း သိရသည်။
■ပုံစာ - တောင်ငူမြို့နယ်မှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်အောင်စာရင်းများ ကြည့်ရှုနေသည်ကိုတွေ့ရစဉ်















