ဇွန် ၈ ရက်တွင် ဖိလစ်ပိုင်းနိုင်ငံတောင်ပိုင်း၌ ပြင်းအား ၇ ဒသမ ၈ ရှိ ကမ်းလွန် မြေငလျင်လှုပ်သွားခဲ့သောကြောင့်အနည်းဆုံး၁၉ဦးသေဆုံးသွားခဲ့ပြီး နှစ်ရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အနီးအနားရှိကမ်းရိုးတန်းများကိုအမြင့်တစ်မီတာ(သုံးပေ)မြင့်သောဆူနာမီလှိုင်းများရိုက်ခတ်လာခဲ့သည်ဟု AP သတင်းဌာနကဖော်ပြခဲ့သည်။
ဂျင်နရယ်ဆန်းတို့စ်မြိုတွင် အဆောက်အအုံအချို့ပြိုကျသွားခဲ့ပြီးအရေးပါသောလမ်းတံတားအခြေခံအဆောက်အအုံများမှာငလျင်ဒဏ်ကိုခံနိုင်ရည်ရှိခဲ့သည်သိရသည်။
အနည်းဆုံးကမ်းခြေရွာတစ်ရွာသည်ဆူနာမီလှိုင်းကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ပိုမိုသေးငယ်သောဆူနာမီလှိုင်းတို့သည်အင်ဒိုနီးရှား၊ပါလောက်နှင့်ဂျပန်တောင်ပိုင်းအထိဝေးသောနေရာတို့ကိုရောက်ရှိလာခဲ့သည်ဟုဆိုသည်။
"အခု ငလျင်ဟာ အကြီးစား မြေငလျင်ကြီးဖြစ်ပါတယ်"ဟု ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်အင်စတိကျု၏ညွှန်ကြားရေးမှူးတီရက်ဆီတိုဘာကိုလ်ကိုလ်က ပြောကြားခဲ့သည်။
ပြည်သူတို့သည် နောက်ဆက်တွဲမြေငလျင်တို့ကြောင့် ပြိုကျသွားနိုင်သောထိခိုက်ပျက်စီးနေသည့်အဆောက်အအုံများနှင့်နေအိမ်များသို့မပြန်မီအာဏာပိုင်းများထံမှအကြံဉာဏ်များရယူကြရန်၎င်းကတိုက်တွန်းထားသည့်။
မြေငလျင်သည် ဖိလစ်ပိုင်ဒေသစံတော်ချိန်ဇွန်လ၈ရက် နံနက်၇နာရီ၃၇မိနစ်တွင်လှုပ်ခဲ့ခြင်းဖြစ်သည်ဟုဒေသခံများကပြောကြားသည်။
မြေငလျင်၏တုန်ခါမှုပြင်းထန်သောကြောင့်ဒေသခံများကလမ်းများပေါ်သို့အလျင်အမြန်
ပြေးထွက်ခဲ့ကြသည်ဟုဆိုသည်။
■ Ref:AP















