ရှမ်းပြည်နယ်တောင်ပိုင်းတွင် Placement Test အထူးအစီအစဉ် စာမေးပွဲ ဖြေဆိုသူပေါင်း နှစ်ထောင် ကျော် ရှိကြောင်း သိရ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် Placement Test အထူးအစီအစဉ် စာမေးပွဲ ဖြေဆိုသူပေါင်း နှစ်ထောင် ကျော် ရှိကြောင်း သိရ
Published 17 June 2026

ရှမ်းပြည်နယ်တောင်ပိုင်းတွင် Placement Test အထူးအစီအစဉ် စာမေးပွဲ ဖြေဆိုသူပေါင်း နှစ်ထောင် ကျော် ရှိကြောင်း သိရ

တတိယရက် စာမေးပွဲကို ဆက်လက် ဖြေဆို





ရှမ်းပြည်နယ်တောင်ပိုင်းတွင် Placement Test အထူးအစီအစဉ် စာမေးပွဲ ဖြေဆိုသူပေါင်း နှစ်ထောင် ကျော် ရှိကြောင်း ရှမ်းပြည်နယ် ပညာရေးဦးစီးဌာန ထံမှ သိရသည်။ ဇွန်လ ၁၇ ရက်တွင် တတိယရက် စာမေးပွဲ ကို ဆက်လက်ဖြေဆိုနေကြပြီး၊ ဇွန်လ ၁၅ ရက်မှ ၂၀ ရက် အထိ သတ်မှတ်ထားသည့် ဘာသာရပ်အလိုက်ဖြေဆိုသွားကြရမည်ဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်းတွင် ခရိုင် ၈ ခု၊ မြို့နယ် ၂၀ ၊ စာစစ်ဌာန ၂၁ ခု တို့တွင် Grade 1,2,3,4,5,6,7,8 အတန်း တို့တွင် စာရှင်းရှိ ဦးရေပေါင်း ၂၀၉၂ ဦး ရှိကာ၊ ဇွန်လ ၁၆ ရက်တွင် ဖြေဆိုသူဦးရေ ပေါင်း ၂၀၃၈ ဦး ၊ ပျက်ကွက် ၅၄ ဦး ရှိကြောင်း သိရသည်။ ဖြေဆိုမှု ရာခိုင်နှုန်းအားဖြင့် ၉၇ ရာခိုင်နှုန်း ကျော် ရှိကြောင်း ရှမ်းပြည်နယ် ပညာရေးဦးစီးဌာန ထံမှ သိရသည်။

တောင်ကြီးမြို့နယ် ရှိ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တစ်လုံး တို့မှ Placement Test အထူးအစီအစဉ် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ တောင်ကြီးမြို့ရှိ၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတွင် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ 

အမှတ်(၃) အထက်တန်းကျောင်းတွင် တောင်ကြီးမြို့နယ်တွင်းရှိ Grade 1,2,3,4,5,6,7,8 စာရင်းရှိ ဦးရေပေါင်း ၄၀၉ ဦး ရှိကာ ဖြေဆိုသူ ၃၉၈ ဦး၊ ပျက်ကွက်သူ ၁၁ ဦး ရှိကြောင်း ဇွန်လ ၁၇ ရက် စာရင်း အရ သိရသည်။

၂၀၂၁ -၂၀၂၂ ပညာသင်နှစ်မှ စ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသော အခြေခံ ပညာ မူလတန်းဆင့်၊ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူများအတွက် Placement Test အထူးအစီအစဉ် ဖြေဆိုရန် လျှောက်လွှာ ခေါ်ယူလျှက် ရှိကာ ၊ လာမည့် ဇွန်လ ၁၄ ရက် အထိ လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဇွန်လ ၁၅ ရက် တွင် စာမေးပွဲ ဖြေဆို သွားမည် ဖြစ်ကြောင်းကိုလည်း ရှမ်းပြည်နယ် ပညာရေးရုံး ထံမှ သိရသည်။

“အထူးအစီအစဉ်ပေါ့၊ ကျောင်းပြင်ပ ရောက်နေတဲ့ ကလေးများ အားလုံး ကျောင်းပြန်တက်နိုင်အောင် ရည်ရွယ်ချက်နဲ့ အထူးအစီအစဉ်ကို ကျင်းပပေးခြင်း ဖြစ်ပါတယ်။ ကျောင်းပြင်ပရောက်တဲ့ ကလေးတွေ ကျောင်းထဲ ပြန်ရောက်လာဖို့ ဆိုတဲ့ထဲမှာ ကန့်သတ်ချက် တစ်ခုတော့ ရှိပါတယ်။ အသက် က ၁၅ နှစ် ၃ လ ကျော်ပြီးတဲ့ ကလေးတွေ ဖြေဆိုခွင့် မပြုထားဘူး။ ၁၅ နှစ် ၃ လ မကျော်သေးတဲ့ ကလေးတွေ သူ့အသက် မှန်သမျှ သူရောက်ရမယ့် အတန်း ၊ လျှောက်လွှာ လာဖြည့်ထဲက တက်ရောက် လိုသည့် ကျောင်းဆိုတဲ့ နေရာမှာ အထက(၁) တောင်ကြီး ဆိုလည်း ထ၁ ကို တက်ရမယ်။ လက်ရှိ ညွှန်ကြားချက်အရ အထူးအစီအစဉ် ဖြေတဲ့ ကလေးအားလုံး အခြေခံပညာကျောင်း ကိုပဲ တက်ရောက်ခွင့် ရှိတယ်လို့ သိရပါတယ်ဗျ။ မနေ့က အထိ ၂၀၉၂ ဦး ထဲမှာ ဖြေဆိုတာက ၂၀၃၈ ဦး ပေါ့။ အဲဒီထဲမှာ ပျက်ကွက်တာ ၅၄ ဦး ရှိပါတယ်။ ဒီနေ့ Grade 4,5,6,7,8 ကျန်တာပေါ့။ Grade 1,2,3 ကတော့ မနေ့က ပြီးသွားပါပြီ။ ရှမ်းတောင် အနေနဲ့ ကြည့်ရင် ကျေနပ်အားရဖွယ် ရှိပါတယ်။ ဒီနေ့အထိ နှစ်ထောင်ကျော် ဆိုတာတော့ အားရကျေနပ်စရာ ကောင်းပါတယ်။ များသောအားဖြင့် လေးငါးနှစ် ကျော်သွားတဲ့ ဖယ်ခုံလိုနေရာပေါ့။ ကလေးငယ် ၉၀၀ နီးပါးပေါ့။ ၈၉၄ ဦး ဖြေဆိုထဲက အင်မတန် မှ ဝမ်းသာတယ်။ ကျောင်းပြင်ပ ရောက်နေတဲ့ ကလေးငယ်တွေ ကျောင်းထဲ ရောက်လာနိုင်တော့မယ် ဆိုတော့ ဝမ်းသာ ပီတိ ဖြစ်ရတာပေါ့လေ”ဟု ရှမ်းပြည်နယ် ပြည်နယ် ပညာရေးမှူးရုံး ၊  စီမံကိန်းနှင့် ကြီးကြပ်အကဲဖြတ် ဌာနခွဲ မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က ပြောသည်။

စာမေးပွဲကိုလည်း သက်ဆိုင်ရာ အတန်းအလိုက် မေးခွန်းများကို ပြင်ဆင်ထားခြင်း ဖြစ်ကာ မူလတန်း အဆင့် အမှတ် ၅၀ ဖိုး ဖြေဆိုရမည် ဖြစ်ကာ ၊ အမှတ် (၂၀) ရလျှင် အောင်မည်ဖြစ်ကြောင်း၊ နှုတ်မေး နှုတ်ဖြေ အမှတ် (၅၀) ကိုလည်း ပြင်ဆင်ထားကြောင်း၊ အလယ်တန်းအဆင့် ကို အမှတ် ၁၀၀ ဖိုး ဖြေဆိုရမည် ဖြစ်ကာ အမှတ် (၄၀) ရမှ အောင်မြင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ပညာရေးရုံး ထံမှ သိရသည်။

Most Read

Most Recent