ဟားခါးမြို့တွင် ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ဒေသခံတိုင်းရင်းသား ၁၀၀ ကျော် ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိ

ဟားခါးမြို့တွင် ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ဒေသခံတိုင်းရင်းသား ၁၀၀ ကျော် ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိ
Published 12 June 2026

ဟားခါးမြို့တွင် ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ဖလမ်းဒေသခံ တိုင်းရင်းသားဦးရေ (၁၀၀)ကျော်သည် ဇွန် ၁၁ ရက်တွင် ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိလာကြကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ဒေသခံတိုင်းရင်းသားများကို ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကိုကိုလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးရဲမင်းစိုး၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက တလန်လိုရပ်ကွက်တွင် ကြိုဆိုကြကြောင်း သိရသည်။

နိုင်ငံတော်မှ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ဖလမ်းမြို့သူမြို့သားများအနေဖြင့် ဒေသခံတိုင်းရင်းသားများ ဖလမ်းမြို့သို့ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းပေးကြကြောင်း သိရသည်။

 

Most Read

Most Recent