ရေလုပ်ငန်းရှင်များတင်ပြသည့် အခက်အခဲများကြောင့် ငါးသားပေါက်ရာသီတွင် ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြု

ရေလုပ်ငန်းရှင်များတင်ပြသည့် အခက်အခဲများကြောင့် ငါးသားပေါက်ရာသီတွင် ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြု
Published 15 June 2026

ရေလုပ်ငန်းရှင်များတင်ပြသည့် အခက်အခဲများကြောင့် ငါးသားပေါက်ရာသီတွင် ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြု လိုက်ကြောင်း သိရသည်။

ငါးဖမ်းဆီးခွင့်ပြန်လည်ခွင့်ပြုလိုက်ရာ ယခုနှစ် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ မြန်မာ့ပင်လယ်ပြင်အတွင်း ကမ်းဝေးငါးဖမ်းလှေများ ရာနှုန်းပြည့်လုပ်ငန်းခွင်ဝင်ပြီ ဖြစ်ကြောင်း ရေလုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့သည်။

"ကမ်းဝေးငါးဖမ်းလှေတွေ အားလုံးပင်လယ်မှာ ငါးဖမ်းလို့ရပြီ၊ ငါးဦးစီးနှင့်ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း စာထုတ်ထားပြီဆိုတော့ လုပ်ငန်းခွင်ဝင်လို့ရပါပြီ၊ တစ်ချို့ကလည်း ရာသီဥတု၊ အထွက်စားရိတ်၊ ငါးရရှိမှုအ‌နေ ထားကိုစောင့်ကြည့်ပြီးမှ လုပ်ကိုင်မယ့်သဘောပါ၊‌ လှေအားလုံးမထွက်ကြ‌သေးပါဘူး"လို့ မြိတ်မြို့မှ ရေလုပ်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၅-၂၀၂၆ ငါး/ပုစွန်များသားပေါက်ပွားရာ ရာသီအဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလမှ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၃ လတာကာလကို ငါးမဖမ်းရရာသီ( Closed Season )အဖြစ်လည်းကောင်း၊ မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအားလုံးကို ငါးမဖမ်းရဧရိယာ (Closed Area )အဖြစ်လည်းကောင်း၊ ကမ်းဝေးငါးဖမ်းရေယာဉ်အားလုံးကို တားမြစ်ထားခြင်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ၁/၂၀၂၆ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်း‌ကြောင့် ငါးဖမ်းဆီး ချိန်နည်းပါးခြင်း၊ ငါးရရှိမှုနည်းပါးခြင်း၊ အထွက်စားရိတ်မြင့်မားခြင်းတို့ ကြုံ‌‌တွေ့ခဲ့ရ‌ကြောင်း သိရသည်။

ယခု ငါးဖမ်းရာသီချိန်နီးကပ်လာချိန်တွင် ရေလုပ်သားရရှိရန်ခက်ခဲခြင်း၊‌ကျောင်းဖွင့်ချိန်ကုန်ကျစားရိတ်မြင့် မားခြင်း၊ စီးပွား‌ရေးခက်ခဲမှုရှိလာကြောင်း၊ ထို့အတွက် ဇွန်လ ၁၅ ရက်နေ့မှစပြီး ငါးဖမ်းဆီးခွင့်ပြုရန် မြန်မာ နိုင်ငံငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ တနသ်ာရီ၊ မွန်၊ ဧရာဝတီရှိ ငါးလုပ်ငန်းအသင်း ၇ သင်းတို့မှ တင်ပြလာခဲ့ကြောင်း သိရသည်။

တင်ပြချက်များအ‌ပေါ် စိစစ်ပြီး တနသ်ာရီ၊ ရန်ကုန်၊ ဧရာဝတီနှင့် မွန်အခြေပြု ကမ်းဝေးလိုင် စင်ရယူလုပ်ကိုင်‌နေသည့် ငါးဖမ်းရေယာဉ်အားလုံးကို ဇွန်လ ၁၅ ရက်နေ့မှ ငါးဖမ်းဆီးခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းရာသီ စတင်ပြီဖြစ်‌သော်လည်း ရခိုင်ပြည်နယ်ရှိ ငါးဖမ်းကွက် ၃၀ တွင် ငါးဖမ်းဆီးခွင့်မပြုထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

Most Read

Most Recent