ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ ခြောက်ဦးအနက် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မေ ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆) နှင့် (၃၃၃/၇) ကြား၊ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးအနက် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား တံတားဦးမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။















