■ ပါကစ္စတန်က အိမ်နီးချင်း အာဖဂန်နစ္စတန်ကို ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သဖြင့် အရပ်သားများ သေဆုံး

■ ပါကစ္စတန်က အိမ်နီးချင်း အာဖဂန်နစ္စတန်ကို ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သဖြင့် အရပ်သားများ သေဆုံး
Published 10 June 2026

ပါကစ္စတန်က အိမ်နီးချင်း အာဖဂန်နစ္စ တန်ကို ပြင်းထန်သည့် လေကြောင်းတိုက် ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည်ဟု ဇွန် ၁၀ ရက်တွင် နှစ်နိုင်ငံစလုံးရှိ တာဝန်ရှိသူများက ပြောကြားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ရှိနေသည့် ကာလများကုန်ဆုံးသွားခဲ့ပြီးနောက် သီတင်းပတ်များစွာအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။

AFP သတင်းထောက်တစ်ဦးက အရှေ့တောင်ပိုင်း ခို့စ်ပြည်နယ်တွင် အိမ်တစ်လုံး လုံးဝပျက်စီးသွားသည်ကို တွေ့ခဲ့သည်။ ခို့စ်ဒေသခံများက ညပိုင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများကို မြှုပ်နှံရန် မြေကျင်းများတူးနေကြသည်ဟု သိရသည်။

ခို့စ်၊ ကူးနာ၊ ပတ်တီကာပြည်နယ်တို့တွင်  တိုက်ခိုက်ခံရခြင်းတို့ကြောင့် ကလေး ၁၁ ဦး၊ အမျိုးသမီးတစ်ဦး၊ အသက်ကြီးကြီး အမျိုး သားတစ်ဦးတို့ သေဆုံးသွားသည်ဟု အာဖဂန် နစ္စတန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟူလာမူဂျာဟစ်က ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများသည် ပါကစ္စတန်၌ မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ုပြန်ခြင်းဖြစ်သည်ဟု ပါကစ္စတန်အစိုးရက ပြောကြားခဲ့ပြီး တဲရစ် အီးတာလီဘန် ပါကစ္စတန်(TTP) နှင့်ဆက် စပ်နေသော စစ်သွေးကြွ ၂၆ ဦးသေဆုံးသွား ခဲ့သည်ဟုဆိုသည်။

ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အတ် တူလာတာရာက ပြောကြားရာတွင် နယ်စပ် ဒေသများ၌ စစ်သွေးကြွတို့ ခိုအောင်းနေသောနေရာများကို ပစ်မှတ်တိကျပြီး ချိန်သားကိုက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ပြောခဲ့သည်ဆိုသော်လည်း အရပ်သားသေဆုံးမှုများနှင့်ပတ်သက်၍ ပြောကြားခြင်းမရှိပေ။ 

ခို့စ်ပြည်နယ်၏ စပီရာခရိုင်တွင် တိုက်ခိုက်ခံရသဖြင့် ကိုးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ဒဏ်ရာရခဲ့သူများထဲတွင် ကလေးများပါဝင်သည်ဟု ပြည်နယ်အဆင့်တာဝန်ရှိသူက AFP သတင်းထောက်ကို ပြောကြားခဲ့သည်။

Ref: AFP

AFP: Photo

Most Read

Most Recent