■  ဝါစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် လိုအပ်သည့် စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်လိုသော ဝါစိုက်တောင်သူများ စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်

■  ဝါစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် လိုအပ်သည့် စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်လိုသော ဝါစိုက်တောင်သူများ စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်
Published 14 July 2026

 အထွက်နှုန်းကောင်းပြီး အရည်အသွေးမီသည့် နိုင်ငံခြားစပ်မျိုးဝါ စိုက်ပျိုးသူ တောင်သူများအတွက် စပ်မျိုးဝါမျိုးစေ့များရောင်းချရာတွင် စပ်မျိုး F1 အဆင့် မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချရမည်ဟုဆို

ဝါစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် လိုအပ်သည့် စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်လိုသော ဝါစိုက်တောင်သူများ စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ဝါစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် စက်ယန္တရားများဖြင့် မြေပြုပြင်ခြင်း၊ ဝါမျိုးစေ့ချခြင်း၊ ကြားပေါင်းလိုက်ခြင်း၊ ကျောပိုးဝါကောက်စက်ဖြင့် ဝါဆွတ်ခူးခြင်းများလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အဆိုပါလိုအပ်သည့် စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်လိုသော ဝါစိုက်တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ အကောင်းဆုံးပံ့ပိုးကူညီပေးနိုင်ပါသဖြင့် စိတ်ပါဝင်စားသူ တောင်သူများသည် ဖုန်းနံပါတ် (ဝ၆၇-၃၄၃၁၂၁၅)၊ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် အထွက်နှုန်းကောင်းပြီး အရည်အသွေးမီသည့် နိုင်ငံခြားစပ်မျိုးဝါ စိုက်ပျိုးသူ တောင်သူများ အတွက် စပ်မျိုးဝါမျိုးစေ့များရောင်းချရာတွင် စပ်မျိုး F1 အဆင့် မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချရမည် ဖြစ်ပြီး၊ ၎င်းစပ်မျိုး F1 ကို စိုက်ပျိုး၍ ရရှိလာသော F2 အဆင့် မျိုးစေ့များကို ဖြန့်ဖြူးရောင်းချခြင်း မပြုရန် ညွှန်ကြားချက်ကို ဝါမျိုးစေ့ထုတ်ရောင်းချသူများ သိရှိပြီးဖြစ်ကြောင်း၊ ထို့အတူ ၎င်းစပ်မျိုးဝါ F2 မျိုးစေ့များကို တောင်သူများက အသုံးပြု ထပ်မံစိုက်ပျိုးခြင်းမပြုရန်၊ ဝါစိုက်တောင်သူများအား အသိပညာပေး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စပ်မျိုးဝါ F2 မျိုးများကို အသုံးပြုစိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှု မရှိသည်ကို သိရှိထားပြီး၊ မျိုးစေ့ဥပဒေ (၂၀၁၅) တွင်လည်း မှတ်ပုံတင်ထားခြင်းမရှိသော မျိုးစေ့များ ရောင်းချခြင်း မပြုရန် သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဝါမျိုးစေ့ထုတ် ရောင်းချသူများနှင့် ဝါစိုက်တောင်သူများသည် စပ်မျိုးဝါ F2 မျိုးစေ့ များအား၊ ဖြန့်ဖြူးရောင်းချခြင်း၊ အသုံးပြုစိုက်ပျိုးခြင်း မပြုပါရန် သတိပေးထုတ်ပြန်အပ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ထုတ်ပြန်သည်။

Most Read

Most Recent