■ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံးဦးကို မြန်မာဖက်သို့ လွှဲပြောင်း

■ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံးဦးကို မြန်မာဖက်သို့ လွှဲပြောင်း
Published 19 May 2026

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံဦးကို ​ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံ မြဝတီဘက်သို့ ​မေ ၁၈ ရက်​ နံနက် ၁၀ နာရီခန့်က လွှဲ​ပြောင်း​အပ်နှင်းရာ တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

မဲ​ဆောက်မြို့ပိုင် ရဲတပ်ဖွဲ့နှင့် မဲ​ဆောက်ခရိုင် လဝကတို့သည် ဌာနဆိုင်ရာအာဏပိုင်များနှင့် ပူး​ပေါင်းပြီး လူကုန်ကူးခံထားရသူ မြန်မာနိုင်ငံသားသုံးဦးကို မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်​ရေးတံတားတွင် မြန်မာနိုင်ငံတာဝန်ရှိသူများထံ လွှဲ​ပြောင်း​ပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ကို မြန်မာဘက်မှ တာဝန်ရှိသူ​များက ခေါ်ဆောင်သွားပြီး ​နေရပ်​ဒေသပြန်နိုင်​ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကာ စိတ်ဓာတ်မြင့်တင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ​ရေလိုအပ်ချက်များကို မြန်မာနိုင်ငံ လူမှုဝန်ထမ်းအပြင် သက်ရာဌာများမှ ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင် လူကုန်ကူးခံရသည့် မြန်မာ​ရွှေ့​​ပြောင်းလုပ်သား အများအပြားရှိ​နေ​သော်လည်း အခြေအနေအမျိုးမျိုး​​ကြောင့် မဖြစ်မ​နေ ထိုင်းနိုင်ငံဘက်ကို လာ​ရောက်အလုပ်လုပ်ကြသည့်သူ အများအပြားရှိနေဆဲဖြစ်​သည်ဟု သိရသည်။

ထို့အပြင် ထိုင်းလူမျိုး​များမှာလည်း မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့​မြို့နယ် ​နေရာအချို့တွင်လည်း လူကုန်ကူးခံရသော ပြဿနာ​များလည်း ရှိ​နေသည်ဟု ဆိုသည်။

အဆိုပါလူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံးဦး ပြန်လည်ပို့​ဆောင်​ရေးအခမ်းအနားသို့ မဲဆောက်မြို့၊ တပ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးရဲမှူး ရဲမှူး ချင်းကော့ အဆက်ဖူမွမ်း၏ ညွှန်ကြားချက်အရ လူကုန်ကူးမှုတိုက်ဖျက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ဘဝတည်ငြိမ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Photo: CJ

Most Read

Most Recent