ချင်းပြည်နယ် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် အခြေခံပညာကျောင်းပေါင်း ၂၈၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ နှစ်သောင်းကျော် တက်ရောက်လျက်ရှိ

ချင်းပြည်နယ် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် အခြေခံပညာကျောင်းပေါင်း ၂၈၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ နှစ်သောင်းကျော် တက်ရောက်လျက်ရှိ
Published 14 July 2026

ချင်းပြည်နယ် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် အခြေခံပညာကျောင်းပေါင်း ၂၈၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ နှစ်သောင်းကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့နယ်တွင် အခြေခံပညာကျောင်း ၁၁၃ ကျောင်း ဖွင့်လှစ်နိုင်ပြီး သင်ကြားရေး ဆရာ၊ ဆရာမ ၂၈၄ ဦးဖြင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၃၄၄၀ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် အခြေခံပညာကျောင်းပေါင်း ၂၈၂ ကျောင်း ဖွင့်လှစ်နိုင်ပြီး သင်ကြားရေးဆရာ၊ ဆရာမ ၁၂၄၇ ဦးဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၂၀၃၁၄ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအတူ ဇူလိုင် ၁၃ ရက်တွင် ဖလမ်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် ကျောင်းကျန်းမာရေးဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြို့မိမြို့ဖများနှင့်အတူ ဖလမ်းမြို့၊ အမှတ်(၃)အခြေခံ ပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံရာတွင် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ဆရာမ(၈)ဦးဖြင့် သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား၊ကျောင်းသူ ၁၀၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း၊ သင်ထောက်ကူ ပစ္စည်းများရရှိမှုအခြေအနေနှင့် လက်ရှိသင်ကြားနေမှုအခြေအနေတို့ကို တင်ပြရာ ဒုတိယဝန်ကြီးမှ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူ ၉၂ ဦးတို့အား မျက်စိစမ်းသပ်ပေးခြင်း၊ သွားနှင့်ခံတွင်းစမ်းသပ်ပေးခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေးစစ်ဆေးပေးခြင်း စသည့်ဆောင်ရွက်မှုများနှင့် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လိုက်လံကြည့်ရှုခဲ့သည်။

 ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိခဲ့ရာ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာတွင် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ရှစ်ဦးဖြင့် သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား၊ ကျောင်းသူ (၅၄) ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပါကြောင်းနှင့် အနီးအနား ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာသင်ကြား နိုင်ရေးအတွက် မူလတန်းလွန်ကျောင်းအဆင့်မှ အလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးနိုင်ပါရန် တင်ပြကြကြောင်း သိရသည်။

ထိုသို့တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သတ်မှတ်ချက်များနှင့်ကိုက်ညီပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လိုက်လံကြည့်ရှုခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့မိမြို့ဖများနှင့် အတူ ဖလမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ဒုတိယဝန်ကြီးမှ တာဝန်ရှိသူများအား ကျောင်း ပတ်ဝန်းကျင်နှင့် ကျောင်းအတွင်းသန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ရာပြည့်အထိမ်းအမှတ် ပြုလုပ်ခဲ့သော ပင်မကျောင်းဆောင်ကြီးအား ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်တို့ကို ပြောကြားခဲ့သည်။

Most Read

Most Recent