■ Control Center မှတစ်ဆင့် စည်းကမ်းပျက် Taxi  ယာဉ်များကို စောင့်ကြည့်စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံ/နယ် ဝန်ကြီး ပြောကြား

■ Control Center မှတစ်ဆင့် စည်းကမ်းပျက် Taxi  ယာဉ်များကို စောင့်ကြည့်စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံ/နယ် ဝန်ကြီး ပြောကြား
Published 16 June 2026

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလုံလမ်း ပြည်သူ့ဥယျာဉ်ဝင်းအတွင်းရှိ Control Center မှတစ်ဆင့် စည်းကမ်းပျက် Taxi ယာဉ်များကို စောင့်ကြည့်စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။

ယနေ့ (ဇွန် ၁၆ ရက်) တွင် ပြုလုပ်သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး စတုတ္ထနေ့၌ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ယာဉ်ကြံ့ခိုင်မှုများကို အပတ်စဉ် သို့မဟုတ် လစဉ် စစ်ဆေးရန်နှင့် ယာဉ်များတွင် Global Positioning System-GPS စနစ် တပ်ဆင်ထိန်းကျောင်းရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားစဉ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင် မော်တော်ယာဉ်များမှာ Intelligent Transportation System-ITS နည်းပညာအသုံးပြု Telemetics GPS စနစ် ပါဝင်ပြီးလျှင် CCTV ကင်မရာ GPS စနစ်ပါဝင်သည့် စက်ပစ္စည်းများ တပ်ဆင်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလုံလမ်း ပြည်သူ့ဥယျာဉ်ဝင်းအတွင်းရှိ Control Center မှတစ်ဆင့် နေ့စဉ် YBS ယာဉ်ပြေးဆွဲမှု၊ မောင်းနှင်မှုများ၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှုများနှင့် ထူးခြားဖြစ်စဉ်များ၊ ယာဉ်မတော်တဆမှုဖြစ်စဉ်များကို စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

ထိုသို့ စောင့်ကြည့်စစ်ဆေးလျက်ရှိရာ စည်းကမ်းပျက်ယာဉ်ဖမ်းဆီးမှု စုစုပေါင်း ၁၇၇၈၁ မှုအား အပြစ်ပေး အရေးယူဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း စည်းကမ်းပျက် Taxi ယာဉ်များအား စောင့်ကြည့်စစ်ဆေး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

“စည်းကမ်းပျက်ယာဉ်ဖမ်းဆီးမှု စုစုပေါင်း ၁၇၇၈၁ မှုအား အပြစ်ပေး အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း စည်းကမ်းပျက် Taxi ယာဉ်များအား စောင့်ကြည့်စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။ 

 

Most Read

Most Recent