နိုင်ငံ​တော်သမ္မတ ဦးမင်း​အောင်လှိုင်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ​တွေ့ဆုံ​ဆွေး​နွေး

နိုင်ငံ​တော်သမ္မတ ဦးမင်း​အောင်လှိုင်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ​တွေ့ဆုံ​ဆွေး​နွေး
Published 16 June 2026

နိုင်ငံ​တော်သမ္မတဦးမင်း​အောင်လှိုင်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress NPC) ဥက္ကဋ္ဌ မစ္စတာကျောက်လဲ့ကျိတို့ ယ​နေ့(ဇွန် ၁၆ ရက်) ​ဒေသစံ​တော်ချိန် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ​ပေကျင်းမြို့ရှိ The Great Hall ခန်းမတွင် ​တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယ​​နေ့(ဇွန် ၁၆ ရက်)နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ The Great Hall ခန်းမ​ဆောင်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ခြင်းအခမ်းအနားသို့ တက်​ရောက်ပြီး နှစ်နိုင်ငံ ​တွေ့ဆုံပွဲဆက်လက်ပြုလုပ်ကာ သ​ဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၈ ခု​ရေးထိုးလဲလှယ်ခဲ့သည်။

ထို့​နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦး​ဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်သမ္မတ ရှီကျင့်ဖျင်က တည်ခင်းဧည်ခံသည့် ဂုဏ်ပြု​နေ့လယ်စာစားပွဲသို့တက်​ရောက်ခဲ့​သည်။

ယင်း​နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦး​ဆောင်သည် ယနေ့(ဇွန် ၁၆ ရက်)ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်သို့ သွား​ရောက်၍ လွမ်းသူပန်းခွေချခဲ့သည်။

Most Read

Most Recent