လုံခြုံရေးသေချာသည့်အခြေအနေတွင် အဓိကစီမံကိန်းများ တည်ဆောက်မှုကို တည်တည်ငြိမ်ငြိမ် မြှင့်တင်ဆောင်ရွက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ပြောကြား

လုံခြုံရေးသေချာသည့်အခြေအနေတွင် အဓိကစီမံကိန်းများ တည်ဆောက်မှုကို တည်တည်ငြိမ်ငြိမ် မြှင့်တင်ဆောင်ရွက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ပြောကြား
Published 16 June 2026

လုံခြုံရေးသေချာသည့်အခြေအနေတွင် အဓိကစီမံကိန်းများ တည်ဆောက်မှုကို တည်တည်ငြိမ်ငြိမ် မြှင့်တင်ဆောင်ရွက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ဇွန် ၁၆ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မြန်မာသမ္မတဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

နှစ်နိုင်ငံအနေဖြင့် လုံခြုံရေးသေချာသည့်အခြေအနေတွင် အဓိကစီမံကိန်းများ တည်ဆောက်မှုကို တည်တည်ငြိမ်ငြိမ် မြှင့်တင်ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်မြင့်မားစေရေးကို ပံ့ပိုးဆောင်ရွက်ရန် ရှီက မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံက နှစ်နိုင်ငံအကြား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent