ရက် ၁၀၀ စီမံချက်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု ၃၄၀ ခုမှ ယူနစ်စုစုပေါင်း ၇ ဒသမ ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့မှုများ တွေ့ရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

ရက် ၁၀၀ စီမံချက်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု ၃၄၀ ခုမှ ယူနစ်စုစုပေါင်း ၇ ဒသမ ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့မှုများ တွေ့ရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်
Published 14 July 2026

ရက် ၁၀၀ စီမံချက်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု ၃၄၀ ခုမှ ယူနစ်စုစုပေါင်း ၇ ဒသမ ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့မှုများ တွေ့ရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများပပျောက်သွားစေရေးအတွက်လည်း အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများအား အဖွဲ့များဖွဲ့စည်း၍ စစ်ဆေးဖော်ထုတ်ခဲ့ရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း စုစုပေါင်းတရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှုအရေအတွက် ၃၄၀ ခုမှ ယူနစ် စုစုပေါင်း ၇ ဒသမ ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့မှုများအား စိစစ်တွေ့ရှိခဲ့ပြီး နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့မှုအတွက် လျော်ကြေးနှင့် ဒဏ်ကြေးငွေ ကျပ် ၆၇၄၅ သန်းကျော် ပြန်လည်ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၎င်းပြစ်မှုများကို ကျူးလွန်ခဲ့ကြသည့် မီတာပိုင်ရှင်များနှင့် လုပ်ငန်းရှင်များကိုလည်း လျှပ်စစ်ဥပဒေဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး ပါဝင်ပတ်သက်သည့် တာဝန်ရှိဝန်ထမ်းများကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့ သွားရောက်စစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျစွာသတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အားလေလွင့်ပျောက်ဆုံးမှုများ ပပျောက်သွားစေရေး ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ယင်းသို့ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent