မြဝတီမြို့အာရှလမ်းမကြီး ​ရွှေထီး လက်ဘက်ရည်ဆိုင်ဘေးရှိ ​နေအိမ်အား အဖြူ​ရောင် Alphard ယာဉ် ဝင်တိုက်မှုဖြစ်ပွား

မြဝတီမြို့အာရှလမ်းမကြီး ​ရွှေထီး လက်ဘက်ရည်ဆိုင်ဘေးရှိ ​နေအိမ်အား အဖြူ​ရောင် Alphard ယာဉ် ဝင်တိုက်မှုဖြစ်ပွား
Published 26 June 2026

မြဝတီမြို့အာရှလမ်းမကြီး ​ရွှေထီးလက်ဘက်ရည်ဆိုင် ​ဘေးရှိ ​နေအိမ်အား  ဇွန်လ ၂၅ ရက် ​​နေ့  ည၁၀ နာရီအချိန်ခန့်က  အဖြူ​ရောင် Alphard ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ​ဝင်ရောက် တိုက်မှုဖြစ်ပွားခဲ့​ကြောင်းသိရသည်။

ဇွန်လ ၂၅ ရက်​ ည ၁၀ နာရီအချိန်ခန့်ကအာရှလမ်းမကြီးရွှေထီးလက်ဘက်ရည်ဆိုင်နှင့်ကပ်လျက် ရှိဒေါ်စမ်းစမ်းဝင်း၏နေအိမ်အားယာဉ်အမှတ် 8K….. ၊အဖြူရောင် Alphard ယာဉ်သည်အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိခြင်းဖြစ်ပြီးနေအိမ် ​အကာအရံနှင့်တိုင်များ ပျက်စီးသွားကာ တန်ဖိုးကျပ်သိန်း ၁၀၀ ​ကျော် ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့​ကြောင်း ​နေအိမ်ပိုင်ရှင်က​ ပြောသည်။

 ယာဉ်မ​တော်တဆမှုဖြစ်ပြီး​နောက်  အိမ်ရှင်ဖြစ်သူက မြဝတီယာဉ်ထိန်းတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားခဲ့ရာ တာဝန်ရှိသူများချက်ချင်း ရောက်ရှိလာပြီး  ယာဉ်ကို မဆင်မခြင်မောင်းနှင်သူအား ဖမ်းဆီးထားပြီး အိမ်ကိုတိုက်မိသည့် ယာဉ်အား ကရိန်းများဖြင့် ဖယ်ထုတ်ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် ယာဉ်ကို  မဆင်မခြင်အရှိန်ပြင်းစွာမောင်းနှင်သူအား တည်ဆဲဥပဒေအရ သက်ဆိုင်ရာမှ အ​ရေးယူ​ဆောင်ရွက်နိုင်ရန် စစ်​ဆေးလျက်ရှိ​ကြောင်းသိရသည်။

Most Read

Most Recent