သောင်ရင်းမြစ်​ရေသည် ၂၄နာရီအတွင် စိုးရိမ်​ရေမှတ်အထက် ၉၅ စင်တီမီတာထိ မြင့်တက်လာနိုင်ဟုဆို

သောင်ရင်းမြစ်​ရေသည် ၂၄နာရီအတွင် စိုးရိမ်​ရေမှတ်အထက် ၉၅ စင်တီမီတာထိ မြင့်တက်လာနိုင်ဟုဆို
Published 12 July 2026

မြန်မာ-ထိုင်း နယ်စပ်စည်းခြား​သောင်ရင်းမြစ်​ရေသည် ယ​နေ့ ဇူလိုင်လ ၁၂ ရက်နံနက် ၆းဝ၀ နာရီအချိန်တိုင်းထာချက်အရ မြဝတီမြို့၏စိုးရိမ်အမှတ်သို့ ​ရောက်ရှိရန်လို​သေး​သော်လည်း လာမည့် ၂၄ နာရီအတွင်း စိုးရိမ်​ရေမှတ်အထက် ၉၅ စင်တီမီတာထိ မြင့်တက်လာနိုင်​ကြောင်းသိရသည်။

မြဝတီမြို့​တောင်ဘက် ​ဒေါန​တောင်​တန်း ​ခြေရင်း၌မြစ်ဖျားခံရာ ​ ​​​ဂေါလီ​ချောင်းနှင့်ဝါ​လေ ​ချောင်းဖျားတွင် ဆက်လက်၍မိုးသည်းထန်စွာရွာသွန်း​နေခြင်း​ကြောင့် ​သောင်ရင်းမြစ်အတွင်း ​ရေကြီး​ရေလျှံမှု ဖြစ်​ပွားလာနိုင်သည်ဟုဆိုသည်။

မြဝတီမြို့နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်း လျှက်ရှိပြီး (ဇူလိုင်လ ၁၂ ရက်) နေ့လယ် ၁၂:၀၀ နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော (၉၆၃) စင်တီမီတာ သို့ စတင်ရောက်ရှိ ​ကျော်လွန် နေပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်း ယနေ့ တိုင်းထွာရရှိချက်အရ မိုးရေချိန် (၀ ဒသမ ၃၂) လက်မ ရှိခဲ့ပြီး မြစ်ရေမှာ ဆက်လက် တိုးပွားလာမည့် အခြေအနေတွင် ရှိနေသည့် အတွက် သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်နှင့် မြေနိမ့်ပိုင်း ရပ်ကွက်များတွင် နေထိုသူများ အနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို ကြိုတင်သတိပြုကြရန်နှင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများနှင့် ရွှေ့ပြောင်းလွယ်သော ပစ္စည်းများကို ဘေးလွတ်ရာသို့ ကြိုတင်ပြင်ဆင် ရွှေ့ပြောင်းကြရန် နှိုးဆော်ထားသည်။

​ဒေါန​တောင်တန်းတ​လျှောက်မိုးအဆက်မပြတ်ရွာသွန်းခြင်း​ကြောင့် မြဝတီမြို့တွင် ​ရေကြီး​ရေလျှံမှု နှစ်စဉ်ဖြစ်ပွားလျှက်ရှိပြီး ယခုနှစ်တွင် သဘာဝ​ဘေး ကြိုတင် ကာကွယ်​ရေး အစီအမံ အ​နေဖြင့် ​ ကယ်ဆယ်​ရေး စင်တာ များနှင့် ရေ​ဘေး​ရှောင်စခန်း ၁၁ခုထိ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်​ရေးများလုပ်​ဆောင်ရန်စီစဉ်ထားရှိ​ကြောင်းလည်းသိရသည်။

Most Read

Most Recent