ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့(KPMF) နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့ KNLA တို့မှ အဖွဲ့ဝင် ၄၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဇူလိုင် ၁၅ ရက်က ထပ်မံဝင်ရောက် ခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက် လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter- Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အ ကြမ်းဖက်အဖွဲ့ များ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင် ပြန်လည်ထိန်းချုပ် နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည် သူများက ကြိုဆိုထောက်ခံလျက်ရှိကြပြီး တပ် မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်း ဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘော ပေါက်လာကြကာ နီးစပ်ရာ နယ်မြေခံတပ်စ ခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာ ရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရ သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက်ရှိရာ ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ KPMF နှင့် KNLA အဖွဲ့ တို့မှ အဖွဲ့ဝင် အမျိုးသား ၄၁ ဦးတို့သည် လက် နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အ တွင်းသို့ ဇူလိုင် ၁၅ ရက်တွင် ထပ်မံဝင်ရောက် ခဲ့ကြပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲ ပြောင်းအပ်နှံခြင်းကို ဇူလိုင် ၁၅ ရက် နံနက် ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းင်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန် ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူး က တရားဥပဒေများနှင့် ပတ်သက်၍ အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းင်းတို့နှင့် အတူ ပါရှိလာသည့် အမ် (၁၆) သေနတ် ၁ လက်၊ အမ် (၄) သေနတ် ၂ လက်၊ အူဇီသေနတ် ၁ လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ် ၉ လုံးထိုး ကျည်သေနတ် ၂ လက်၊ Sigsauer ပစ္စတိုသေနတ် ၃ လက်၊ ၉ မမ ပစ္စ တိုသေနတ် ၂ လက်၊ လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ အမ်ဂျီ (၁) လက်ပစ်ဗုံး ၁၀ လုံး၊ လမ်း လျှောက်စကားပြောစက် ၆ လုံး၊ ကျည်အိမ် ၁၁ ခုနှင့် ကျည်မျိုးစုံ ၁၈၈ တောင့်တို့ကို လွှဲ ပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ် ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာ ဝန်ရှိသူများက မောင်းပြန်ရိုင်ဖယ် ၄ လက်အ တွက် ငွေကျပ် သိန်း ၂၀၀၊ လက်လုပ်သေနတ် ၃ လက်အတွက် ငွေကျပ် ၁၅ သိန်း၊ ပစ္စတို သေနတ် ၅ လက်အတွက် ငွေကျပ်သိန်း ၁၀၀၊ လက်လုပ်ပစ္စတို သေနတ် ၁ လက်အတွက် ငွေကျပ် ၅ သိန်း၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၁၀ လုံးအတွက် ငွေကျပ်သိန်း ၃၀၊ လမ်းလျှောက်စ ကားပြောစက် ၆ လုံးအတွက် ငွေကျပ် ၁၂ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာ သူများအတွက် ငွေကျပ် ၂၀ သိန်း ၅ သောင်း၊ စုစုပေါင်း ၃၈၂ သိန်း ၅ သောင်းကျပ်နှင့် လက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။















