ဟောင်ကောင်တွင် စာအုပ်ဆိုင်နှစ်ဆိုင် စီးနင်းခံရပြီး လူငါးဦး ဖမ်းဆီးခံရ

ဟောင်ကောင်တွင် စာအုပ်ဆိုင်နှစ်ဆိုင် စီးနင်းခံရပြီး လူငါးဦး ဖမ်းဆီးခံရ
Published 16 July 2026

ဟောင်ကောင်တွင် နိုင်ငံတော်ပုန်ကန်လှုံ့ဆော်မှု မြောက်စေသည့် စာအုပ်များကို ရောင်းချခြင်းနှင့် ပြသခြင်းတို့တွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် သံသယဖြင့် ဇူလိုင် ၁၅ ရက်တွင် စာအုပ်ဆိုင်နှစ်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်စီးရှာဖွေပြီးနောက် လူငါးဦးကို ဖမ်းခေါ်သွားသည်။

အဆိုပါ စာအုပ်များသည် အစိုးရ၊ တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေး ဌာနများအပေါ် အမုန်းပွားစေရန် လှုံ့ဆော်နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ စာအုပ်ဆိုင် နှစ်ဆိုင်စလုံးမှ စာအုပ်များကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့သည် ပုန်ကန်လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်သည်ဟု သံသယရှိခံထားရသည်။ ၎င်းတို့ကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ခုနစ်နှစ်အထိ ကျခံရနိုင်သည်။

စီးနင်းခံရသည့် စာအုပ်ဆိုင်နှစ်ဆိုင်အနက် Have A Nice Stay ဆိုသည့် စာအုပ်ဆိုင်က ပိုတင်းကျပ်လာသည့် မီဒီယာနယ်ပယ်တွင် သတင်းထောက်ဟောင်းများအဖွဲ့က ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဆိုင်ဖြစ်သည်။

ယခုစီးနင်းရှာဖွေမှုသည် ၂၀၂၆ ခုနှစ်အတွင်း စာအုပ်အရောင်းဆိုင်များအား တတိယအကြိမ် ပစ်မှတ်ထားမှုဖြစ်သည်။ Amnesty International ကမူ စာအုပ်စင်ပေါ်ရှိ စာအုပ်များကြောင့် အရေးယူခံရနိုင်သည့် လက်ရှိဟောင်ကောင်၏ အခြေအနေမှာ အလွန်စိုးရိမ်စရာ ဖြစ်လာသည်ဟု ဝေဖန်ရှုံ့ချထားသည်။

Ref:BBC

Photo: AFP

Most Read

Most Recent