ယူကရိန်းက ရုရှားနိုင်ငံအတွင်းသို့ ဒရုန်း အစင်းရေ ၅၀၀ ကျော်ဖြင့် တိုက်ခိုက်

ယူကရိန်းက ရုရှားနိုင်ငံအတွင်းသို့ ဒရုန်း အစင်းရေ ၅၀၀ ကျော်ဖြင့် တိုက်ခိုက်
Published 17 May 2026

ရုရှားနိုင်ငံအတွင်းသို့ ယူကရိန်းဒရုန်း အစင်းရေ ၅၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် မော်စကိုဒေသတွင် လူသုံးဦး သေဆုံးသွားခဲ့ကြောင်း ရုရှားတာဝန်ရှိသူများက မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

မော်စကိုမြို့တော်ဒေသအပါအဝင် ဒေသပေါင်း တစ်ဒါဇင်ကျော်၌ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒရုန်းစုစုပေါင်း ၅၅၆ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယူကရိန်း၏ ကိယက်ဗ်မြို့တော်ဒေသပေါ်သို့ ရုရှား၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄ ဦး သေဆုံးခဲ့ရပြီး တစ် ရက်အကြာဖြစ်သည့် မေ ၁၅ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက လက် တုံ့ပြန်တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ မြို့တော်အတွင်း လေကြောင်းရန် ကာကွယ်ရေးစနစ်များက ညတွင်းချင်းပင် ဒရုန်းအနည်းဆုံး ၇၄ စီးကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ သည်။

နှစ်နိုင်ငံကြား အကျဉ်းသားလဲလှယ်မှု ပြုလုပ်ပြီး၊ မေ ၁၂ ရက်က သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးသွားခဲ့ပြီးနောက် ရုရှားနှင့် ယူကရိန်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်ခဲ့သည်။

ရုရှား၏လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်း ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

Ref:AFP

                                              

Most Read

Most Recent