■ မန္တလေးကန်တော်ကြီးရေစပ်အနီး ပီနံအိတ်ဖြင့်ထည့်ကာ လာရောက်စွန့်ပစ်ထားသည့် အမျိုးသားတစ်ဦးအလောင်းအား ဒဏ်ရာများဖြင့်တွေ့ရှိ

■ မန္တလေးကန်တော်ကြီးရေစပ်အနီး ပီနံအိတ်ဖြင့်ထည့်ကာ လာရောက်စွန့်ပစ်ထားသည့် အမျိုးသားတစ်ဦးအလောင်းအား ဒဏ်ရာများဖြင့်တွေ့ရှိ
Published 4 July 2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီးရေစပ်အနီးတွင် ပီနံအိတ်ဖြင့်ထည့်ကာ လာရောက်စွန့်ပစ်ထားသည့် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးအလောင်းအား ဇူလိုင် ၃ ရက် ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးတောင်ဘက်ခြမ်း၊ ရေစပ်အနား၌ အမည်မသိလူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အစိမ်းရောင်ကော်‌ဇောပတ်ထားပြီး ပီနံအိတ်အဝါအများစွပ်လျှက် ကြိုးချည်ထားသည့် အထုပ်တစ်ထုပ်အား တွေ့ရှိရသဖြင့်  ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ  အသက်လေးဆယ်ဝန်းကျင် အမည်မသိအမျိုးသားတစ်ဦးဖြစ်ပြီး  မျက်နှာတွင် ပေါက်ပြဲဖူးရောင်ညိုမဲ‌ဒဏ်ရာများ၊ ရင်ဘက်နှင့် နောက်ကျောတွင် ညိုမဲဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် လိုအပ်သည့်စုံစမ်းမှုများပြုလုပ်လျက်ရှိရာ အမှတ် (၁၀) ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 

Most Read

Most Recent