■ ရေးမြို့နယ် ဟံဂံကျေးရွာ၌ ထမင်းချက်နေစဉ် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး

■ ရေးမြို့နယ် ဟံဂံကျေးရွာ၌ ထမင်းချက်နေစဉ် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး
Published 2 June 2026

ရေးမြို့နယ် ဟံဂံကျေးရွာ၌ ထမင်းချက်နေစဉ် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ ဇွန် ၁ ရက် ည ၇ နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့နယ် ဟံဂံကျေးရွာ (၁၃) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ထမင်းချက်နေစဉ် ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မီးလောင်မှုဖြစ်တဲ့နေအိမ်မှာက လူတစ်ယောက်တည်းရှိနေတာ။  ဂတ်စ်အိုးပေါက်ပြီး မီးလောင်မှုဖြစ်ပေမယ့် လူကိုတော့ ထိခိုက်မှုမရှိပါဘူး” ဟုပြောကြားသည်။

မီးလောင်မှုကြောင့် ဖက်မိုး၊ ပျဉ်ထောင် နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် တခြားနေအိမ်များအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ထိုမီးလောင်မှုအား ရေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေးမြို့ ရန်ကြီးအောင်နှင့် အောင်မင်္ဂလာအရန်မီးသတ်နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီအချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

 ယခုနှစ် မွန်ပြည်နယ်အတွင်း မီးလောင်မှု ၁၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နေအိမ် ၉၁ လုံး၊ ရော်ဘာမှိုင်းခံရုံ ၃ ရုံ၊ အထပ်သားစက်ရုံ ၁ ရုံနှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်ပျက်စီးခဲ့ပြီး ၂ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

Photo Credit - CJ

 

Most Read

Most Recent