ဟော်မုဇ်ရေလက်ကြားအနီး အိုမန်ကမ်း လွန်ပင်လယ်ပြင်တွင် ဇူလိုင် ၆ ရက်က ရေနံတင်သင်္ဘောတစ်စင်းကို “မည်သည့်အရာမှန်းမသိရသည့် လက်နက်ထိမှန်သဖြင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း” ဗြိတိန်ရေကြောင်းလုံခြုံရေးအေဂျင်စီ (UKMTO) က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိထားပြီး ရေရှည်တည်ငြိမ်အေးချမ်း သောငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြသော်လည်း ယခုဖြစ်ရပ်သည် ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး ရေကြောင်းလမ်း၏အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယူကေရေကြောင်းကုန်သွယ်မှုလုပ်ငန်းအေဂျင်စီ (UKMTO) ၏ ထုတ်ပြန်ချက်အရ အဆိုပါဖြစ်ရပ်သည် အိုမန်နိုင်ငံ၊ လီမာမြို့၏ အရှေ့ဘက် ရေမိုင် ၈ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“တောင်ဘက်ကို ဦးတည်ခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘောရဲ့ ဘယ်ဘက်ပဲ့ပိုင်းမှာ ဘာမှန်းမသိရတဲ့လက်နက်လာ ရောက်ထိမှန်ခဲ့လို့ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အကြောင်းကြားလာပါတယ်” ဟု UKMTO က X တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သဘာပပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟူသော သတင်းကို မကြားရဟု ဆိုသည်။















