နိုင်ငံအရေးအကျပ်အတည်းကြုံနေရသော ဆီနီဂေါနိုင်ငံတွင် သမ္မတက ဘောဂဗေဒ ပညာရှင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်

နိုင်ငံအရေးအကျပ်အတည်းကြုံနေရသော ဆီနီဂေါနိုင်ငံတွင် သမ္မတက ဘောဂဗေဒ ပညာရှင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်
Published 26 May 2026
Ref:AFP

ဆီနီဂေါသမ္မတက စီနီယာဘောဂဗေဒ ပညာရှင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း မေ ၂၅ ရက်တွင် ကြေညာခဲ့သည်။ 

ဝန်ကြီးချုပ်ဟောင်းဖြစ်သူနှင့်ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက်သမ္မတက ဘောဂဗေဒပညာရှင်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သည် သမ္မတ၏ဆရာသမားဖြစ်သည်။ ဝန်ကြီးချုပ်သစ်သည် ဆီနီဂေါကို အကြီးအကျယ် အထိနာစရာဖြစ်နေသော အေကြွးများထဲမှ နိုင်ငံကို ထိန်းကျောင်းသွားမည်ဟု သမ္မတက ပြောကြားသည်။

သမ္မတဘစ်ဆီရူးဒီယိုမာရီ ဖာယေးက လူကြိုက်များသော အူဆမိန်းဆွန်ကိုအား မေ၂၂ ရက်တွင် ရာထူးမှဖယ်ရှားခဲ့ပြီး အစိုးရအဖွဲ့ကိုဖျက်သိမ်းလိုက်ပြီးနောက် ဆီနီဂေါနိုင်ငံသည်နက်ရှိုင်းသော နိုင်ငံရေးအ ကျပ်အတည်းဖြစ်ပေါ်နေသည်။

လပေါင်းများစွာ တင်းမာမှုများရှိနေခဲ့ပြီးသမ္မတက ဝန်ကြီးချုပ်ဆွန်ကိုအား ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ အသစ်ခန့်လိုက်သော ဝန်ကြီးချုပ်သစ်သည်  ဗဟိုဘဏ်လုပ်ငန်းရှင်ဟောင်းအာမာဒူ အယ်အမီနူးလိုဖြစ်ပြီး နိုင်ငံ၏စီးပွားရေးနှင့် ဘဏ္ဍာရေးတို့ကိုအတွင်းကျကျသိရှိသူဖြစ်ကြောင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရသည့်  အမိန့်ဒီဂရီတွင် ဖော်ပြထားသည်။

ဆီနီဂေါသည် များပြားလှသော ေကြွးမြီများရှိနေသည်။ ဂျီဒီပီ၏ ၁၃၂ ရာခိုင်နှုန်းအထိရှိနေခြင်းဖြစ်သည်။ ၂၀၂၄ တွင် အာဏာရတုန်းက သမ္မတ ဖာယေးက ရှေ့ကအစိုးရအဖွဲ့ကြောင့်ကြေကြွးများရသည်ဟုပြောခဲ့သည်။

 

Most Read

Most Recent