သောင်ရင်းမြစ်​ရေ စိုးရိမ်​ရေမှတ်​အောက်​လျော့ကျသွားပြီဖြစ်၍ ​ရေ​ဘေးရှောင်များ​ နေရပ်ပြန်

သောင်ရင်းမြစ်​ရေ စိုးရိမ်​ရေမှတ်​အောက်​လျော့ကျသွားပြီဖြစ်၍ ​ရေ​ဘေးရှောင်များ​ နေရပ်ပြန်
Published 13 July 2026

မြန်မာ-ထိုင်းနယ်ခြား​ သောင်ရင်းမြစ်​ရေသည် ဇူလိုင် လ ၁၂ ရက်​က စိုးရိမ်​ရေမှတ်ထက်​ ကျော်လွန် မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်​နေသူများမှာ ယာယီကယ်ဆယ်​ရေးစခန်းများသို့ ​ရေ​ဘေး​ရှောင်ကြပြီး ယ​နေ့ နံနက် ဇူလိုင် ၁၃ ရက်​ နံနက်တွင် စိုးရိမ်​ရေမှတ်​အောက် သုံး​ပေခန့်​လျော့ကျသွားပြီဖြစ်၍ ​ရေ​ဘေး​ရှောင် ပြည်သူများ ​နေရပ်သို့ပြန်သွားကြပြီ ဖြစ်​ကြောင်းသိရသည်။

ဇူလိုင်(၁၂)ရက်နေ့ ညဦးပိုင်းက သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ မြင့်တက်ခဲ့သည့် အတွက် အမှတ် ၅ ရပ်ကွက် ​အနိမ့်ပိုင်းနေသူများ၊ အမှတ် ၁ နှင့် အမှတ်၂ ရပ်ကွက် အနိမ်းပိုင်း​နေသူများသည် ယာယီကယ်ဆယ်ရေးစခန်းများဖြစ်​သော ​တောရဘုန်း​တော်ကြီး​​ကျောင်း၊ ဓိဌာန်​အောင်​စေတီ​တော်ဓမ္မာရုံ၊ ကိုးနဝင်း​ကျောင်းဓမ္မာရုံ၊ ကြခ​တ္တော​ကျောင်း ဓမ္မာရုံများသို့ ​ ပြောင်းရွှေ့နေထိုင်သူ (၇၆၇) ဦးရှိခဲ့​ကြောင်း သိရသည်၊။

မြဝတီခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အရပ်ဘက်လူမှုကူညီ‌ရေး အဖွဲ့အစည်းများနှင့် ပေါင်းစပ်ထားသည့် မြဝတီခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအဖွဲ့မှ ညတွင်းချင်း ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ကာ ‌မြစ်ကမ်းအနီးနှင့် ရေဝင်ရောက်နိုင်သော နေရာများမှ ပြည်သူများကို ပြောင်းရွှေ့နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

ယာယီကယ်ဆယ်ရေးစခန်းများဖြစ်သော မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ တောရကျောင်းဓမ္မာရုံတွင် အိမ်ထောင်စု (၁၀၉)စုမှ လူဦးရေ(၄၃၇)ဦး၊ ကြခတ်တောကျောင်းဓမ္မာရုံတွင် အိမ်ထောင်စု(၃၂)စု မှ လူဦးရေ(၁၀၃)ဦး၊ ဓိဌာန်အောင်ဓမ္မာရုံတွင် အိမ်ထောင်စု(၅၃)စုမှ လူဦးရေ(၁၇၀)ဦး၊ အမှတ်(၅)ရပ်ကွက် ကိုးနဝင်းကျောင်းဓမ္မာရုံတွင် အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၅၇)ဦး စသည်ဖြင့် စုစုပေါင်း ကယ်ဆယ်ရေး စခန်း(၄)ခုတွင် အိမ်ထောင်စု(၂၀၇)စု မှ လူဦးရေ (၇၆၇)ဦးအား တာဝန်ရှိသူများက ပြောင်းရွှေ့နေရာ ချထားပေးခဲ့ကြောင်း သိရသည်။

၂၀၂၆ခုနှစ် ဇူလိုင် (၁၃) ရက်‌  မနက်ပိုင်းတွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ဖြစ်​သော (၉၆၃) အောက် ဆက်လက်ကျဆင်းလျှက်ရှိကြောင်း။ သို့​သော်လည်း ဇူလိုင်လ ၁၅ရက်၊ ၁၆ ရက်​ထိ ဆက်လက်ရွာသွန်းမည်ဖြစ်၍ ပင်လယ်ငါးဖမ်း​လှေများ နှင့် မြစ်​ချောင်းအနီး ​အနိမ့်ပိုင်း နေသူများ အထူးဂရုပြုကြဖို့ ထိုင်းနိုင်ငံ မိုး/ဇလ ဌာနမှ ​ကြေညာထား​ကြောင်း သိရသည်။

Most Read

Most Recent