■ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့်အဆောက်အအုံများ သိမ်းဆည်း

■ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့်အဆောက်အအုံများ သိမ်းဆည်း
Published 16 May 2026

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့်အဆောက်အအုံများ သိမ်းဆည်းရမိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ် ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာဖော်ထုတ်အရေးယူဆောင်ရွက်နေသည့်အပြင် နိုင်ငံ တကာနှင့်ပူးပေါင်း၍လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် များကို အရေးယူဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ လွယ်ဆောင်ထောက်ကျေးရွာဝန်းကျင် သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မိုင်းရှူးမြို့နယ်၊ ဟိုပုံကျေးရွာ အနီး သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းရှူး-မိုင်းစံဒေသ၊ သံလွင်မြစ် အနောက်ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ရာ မေ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ် ခန့်တွင် မိုင်းရှူးမြို့၏အရှေ့တောင်ဘက်၂၆ ကီလိုမီတာခန့်အကွာ၊ လွယ်ဆောင်ထောက် ကျေးရွာ၏အရှေ့တောင်ဘက် ၁၁ ကီလိုမီတာခန့် သံလွင်မြစ်အနီး၌ တရားမဝင် ဝင်ရောက် နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သံလွင်မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ခန့်တွင် မိုင်းစံမြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာခန့်အကွာ၊ ဟိုပုံရွာ၏ အရှေ့ဘက် ၉ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖျက်ဆီးထားသော အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ အိပ်စင်ပါ လူနေဆောင် ၂ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိလုပ်ငန်းသုံးတဲ ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ဝါးတဲ ၃၀ လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ စားချက်ဆောင် ၁ လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော် ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent