နေတိုးအစည်းအဝေးမတိုင်မီ ရုရှား၏တိုက်ခိုက်မှုကြောင့် ကိယက်ဗ်တွင် အနည်းဆုံး ၂၆ ဦး သေဆုံး

နေတိုးအစည်းအဝေးမတိုင်မီ ရုရှား၏တိုက်ခိုက်မှုကြောင့် ကိယက်ဗ်တွင် အနည်းဆုံး ၂၆ ဦး သေဆုံး
Published 7 July 2026

အရေးကြီးသည့် နေတိုး ထိပ်သီးအစည်းအဝေးကျင်းပရန် နာရီပိုင်းအလို ဇူလိုင် ၆ ရက်တွင် ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်ရှိ လူနေတိုက်ခန်းတွဲ အဆောက်အအုံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တစ် ပတ်အတွင်း ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့သည်ဟု ယူကရိန်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် မြို့တော် ကိယက်ဗ်၌ လူ ၃၀ ကျော် သေဆုံးခဲ့ရသည့် ရုရှား၏ အခြားသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာတွင် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ ခဲ့ပြီး“ရုရှားတို့ရဲ့ နည်းဗျူဟာကတော့ ပြောင်းလဲခြင်းမရှိပါဘူး။ ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေကို တတ်နိုင်သမျှ နာကျင်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ အများဆုံးဖြစ်အောင် လုပ်ဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဇူလိုင် ၆ ရက်က ယူကရိန်းအရှေ့မြောက်ပိုင်း ဆူမီမြို့တွင်လည်း ရုရှား၏ ဒရုန်းဖြင့် တိုက်ခိုက်မှု ကြောင့် နှစ်ဦးသေဆုံးခဲ့သည်ဟု ယူကရိန်းဒေသဆိုင်ရာ စစ်ရေးစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန် ခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် ဒုံးခွင်းဒုံးများ အဆင့်မြှင့်ပေးရေးကို ယူကရိန်းက တောင်းဆို ထားသည်။            

Ref:AFP

Most Read

Most Recent